သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆန်ကွဲနဲ့ သီးနှံပို့ကုန် တင်းကျပ်မှု ကုန်သည်တွေ အခက်တွေ့


အိန္ဒိယနိုင်ငံမှ ဆန်ကွဲနဲ့ အခြားကောက်ပဲသီးနှံများ တင်ပို့မှုကို ပိတ်ပင်ထားတဲ့အတွက် ဆန်ကုန်သည်တွေဟာ သူတို့ရဲ့တင်ပို့မှုကို မြှင့်တင်ဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ အိန္ဒိယမြောက်ပိုင်း ဒေသအတော်များများမှာ မိုးခေါင်မှုကြောင့် ဒီနှစ်အတွက် ဆန် ထုတ်လုပ်မှု လျော့ကျသွားခဲ့တာပါ။

မိုးခေါင်မှု အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ Uttar Pradesh၊ Bihar၊ Jharkhand နဲ့ အနောက်ဘင်္ဂလားပြည်နယ်တွေမှာ စိုက်ပျိုးတဲ့ ဧကပေါင်း (၆) သန်းကျော်လောက်အထိ ထိခိုက်ခဲ့ပြီး၊ ဆန်ထုတ်လုပ်မှု တန်ချိန်ပေါင်းဟာ (၇) သန်းကနေ (၈) သန်းလောက်အထိ ကျဆင်းခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်း ဆောင်းရာသီမှာ စပါးစိုက်ဧရိယာ ဧကပေါင်း (၉) သန်းကျော်လောက် လျော့ကျနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားတာကြောင့် ဆန်ထုတ်လုပ်မှုတန်ချိန် (၁၀) သန်းကနေ (၁၂) သန်းလောက်ထိ လျော့ကျဖို့ ရှိနေပါတယ်။

အိန္ဒိယအစိုးရကတော့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုမရှိမှာကို စိုးရိမ်တာကြောင့် ကောက်ပဲသီးနှံ တင်ပို့မှုကို တင်းကျပ်ထားတာပါ။ စက်တင်ဘာ (၉) ရက်ကစပြီး ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့သလို ဘာစမာတီဆန်ကလွဲလို့ ဆန်တင်ပို့မှုအပေါ် အခွန် (၂၀)% ထိ အစိုးရက တိုးမြှင့်ခဲ့ပါတယ်။
မေလတုန်းကလည်း အိန္ဒိယပြည်တွင်း ဈေးနှုန်းတွေ ကျသွားအောင် ဂျုံတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ အခုလို ပြည်ပတင်ပို့မှုတွေကို ပိတ်ပင်ထားတာကြောင့် ဆန်ကွဲတွေဟာ ပြည်တွင်းဈေးကွက်မှာ အလုံအလောက်ရှိနေပြီး ဈေးနှုန်းလည်း ကျဆင်းသွားကြောင်း ဆန်ကုန်သည်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ တချို့ကုန်သည်တွေဟာ ကောက်ပဲသီးနှံ တင်ပို့မှုလုပ်ငန်းတွေမှာ သူတို့ ဝင်ငွေတိုးလာဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

=== Unicode ===





XS
SM
MD
LG