သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်မှု EU ပြစ်တင် ရှုတ်ချ


ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso
ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso

ယူကရိန်းနိုင်ငံအရှေ့ခြမ်းကို ရုရှားဘက်က သိသိသာသာ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အပေါ်မှာ ဥရောပကော်မရှင်ရဲ့ အကြီးအကဲက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ သောကြာနေ့က အလွန်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ခဲ့ကြတယ်လို့ ကော်မရှင်က ပြောပါတယ်။ သူတို့ ၂ ဦး တယ်လီဖုန်းကနေ ပြောကြား ခဲ့စဉ်အတွင်း လနဲ့ချီဖြစ်နေတဲ့ ပဋိပက္ခအတွင်း စစ်ရေးတင်းမားမှုတွေ မြင့်တက် လာတာက ၊ ဥရောပသမဂ္ဂဘက်က သံတမန်နည်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းချက်ကို ကဖျက်ယဖျက် လုပ်သလိုဖြစ်နေတယ်လို့ မစ္စတာ ဘာရိုဆိုက ပြောပါတယ်။

ကော်မရှင်ရဲ့ ကြေညာချက်ထဲမှာတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို မတည်မငြိမ်ဖြစ်အောင် နောက်ထပ် ထပ်လုပ်မယ်ဆိုရင်၊ ဒေသအနေနဲ့ ကြီးကြီးမားမားပေးဆပ်ရမှာဖြစ်တယ်လို့ EU က ရှင်းရှင်းလင်းလင်း ပြော ထားပြီးသားဖြစ်တယ်လို့ ကော်မရှင်က မှတ်ချက်ပေး ထားကြောင်း ဖော်ပြ ထားပါတယ်။

ယူကရိန်းနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး၊ ယူကရိန်းနိုင်ငံထဲမှာ စစ်ရေးအရ တရားမဝင်လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ နေတိုးတပ်ဖွဲ့တွေက ရုရှားကို သောကြာနေ့ အစောပိုင်းကတောင်းဆိုလိုက်ပါတယ်။

အခြေအနေတွေ ပိုပြီးဆိုးလာနေတာနဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ်စ်မြို့မှာ အရေးအပေါ် အစည်းအဝေးကျင်းပခဲ့ပြီးတဲ့နောက် နေတိုးအကြီးအကဲက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ သူပုန်တွေနဲ့ ဖြေရှင်းတဲ့နေရာမှာ နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းကို အကူအညီပေးဖို့ ယူကရိန်းက တောင်းဆိုထားပါတယ်။

XS
SM
MD
LG