သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထိန်းချုပ်ငွေ ယူကရိန်းအကူအညီပေးရေးသုံးဖို့ အီးယူကော်မရှင်အဆိုပြု 


မော်စကိုမြို့တွင်းက ရုရှားဗဟိုဘဏ်
မော်စကိုမြို့တွင်းက ရုရှားဗဟိုဘဏ်

ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ရာကရရှိလာတဲ့ဝင်ငွေ ခန့်မှန်း ယူရို ၃ ဘီလီယံကို ယူကရိန်း အတွက် လက်နက်အကူအညီပေးရာမှာသုံးဖို့ အဆိုပြုမယ်လို့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။

ယူကရိန်းထောက်ခံပံ့ပိုးရေးအတွက် ဥရောပသမဂ္ဂခေါင်းဆောင် ၂၇ ယောက်ရဲ့ ထိပ်သီးအစည်းအဝေး အကြို ဗုဒ္ဓဟူးနေ့မှာ တင်ပြမှာပါ။ ယူကရိန်းအတွက် လက်နက်ရန်ပုံငွေထဲကို အဲဒီငွေတွေရဲ့ ၉၀ ရာနှုန်း သွားဖို့ အဆိုပြုချက်မှာ တင်ပြထားကြောင်း နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက် ဘိုရဲလ် က ပြောပါတယ်။ ဆယ်ရာနှုန်းကတော့ ဥရောပသမဂ္ဂရဲ့ဘတ်ဂျက်ကို သွားမှာဖြစ်ပြီး ဒီငွေကို ယူကရိန်းရဲ့ ကိုယ်ပိုင် ကာကွယ်ရေးလုပ်ငန်းစွမ်းရည် တိုးများလာအောင်လုပ်ရာမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။

ယူကရိန်းကိုပေးမယ့် အမေရိကန်ရဲ့ ဘီလီယံ ၆၀ အဆိုပြုချက်က အမေရိကန်အောက်လွှတ်တော်မှာ မဆုံးဖြတ်နိုင်ဖြစ်နေတဲ့အချိန်မှာ ယူကရိန်းအကူအညီပေးဖို့ရှာကြံရာက ခု အဆိုပြုချက်ဖြစ်လာတာပါ။ ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်တဲ့ ယူရို ဘီလီယံ ၂၀၀ ကျော်ကို ဥရောပ သမဂ္ဂက ချုပ်ထိန်းထားလိုက်ပါတယ်။ ဒီငွေတွေရဲ့ ၉၀ ရာနှုန်းလောက်က နိုင်ငံတကာ စပေါ်ငွေ လက်ခံတဲ့အဖွဲ့၊ ဘယ်ဂျီယံနိုင်ငံအခြေစိုက် Euroclear အဖွဲ့က ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG