သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွားအေပၚ စတုတၳအေက်ာ႔ ဒဏ္ခတ္ အေရးယူမႈ EU ခ်မွတ္


UKRAINE-CRISIS/EU-ECONOMY

ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္တဲ့ အတြက္ ႐ုရွားအေပၚ အီးယူ ဥေရာပသမဂၢက စတုတၳအေက်ာ့ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္လိုက္ေၾကာင္း အီးယူႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က တနလၤာေန႔မွာ အတည္ျပဳပါတယ္။

႐ုရွားတပ္ဟာ ယူကရိန္းအရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနၿပီး ယူကရိန္းဆိပ္ကမ္းၿမိဳ႕ Mariupol တၿမိဳ႕ထဲမွာတင္ အရပ္သား ၂၄၀၀ ေက်ာ္ ေသဆံုးခဲ့တာေတြ႕ေနရေၾကာင္းနဲ႔ ႐ုရွားသမၼတ Vladimir Putin ရဲ႕ စစ္ပြဲဟာ ယူကရိန္းတႏိုင္ငံထဲအတြက္မဟုတ္ပဲ ဥေရာပတတိုက္လံုးရဲ႕ လံုျခံဳေရးနဲ႔ တည္ၿငိမ္ေရးကိုပါ ထိခိုက္ေစတယ္လို႔ North Macedonia ႏိုင္ငံ စကိုးပီးယား (Skopje) ၿမိဳ႕ေတာ္ကိုေရာက္ေနတဲ့ အီးယူအႀကီးအကဲကေျပာပါတယ္။

အခုထပ္ၿပီး အေရးယူရာမွာ ႐ုရွားရဲ႕ သံမဏိလုပ္ငန္း၊ ေက်ာက္မီးေသြးနဲ႔ စြမ္းအင္က႑ေတြ အျပင္ ႐ုရွားရဲ႕ ေစ်းကြက္လက္လွမ္းမွီမႈနဲ႔ ႏိုင္ငံတကာေငြေၾကးအဖြဲ႔အစည္းေတြမွာ အဖြဲ႔ဝင္အျဖစ္ရွိေနမႈကို ပစ္မွတ္ထား အေရးယူတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အခုလို လုပ္ေဆာင္တာဟာ ႐ုရွားအစိုးရက က်ဴးေက်ာ္မႈနဲ႔အတူ ဝင္ေငြအတြက္ သယံဇာတေတြ ရယူေနတာေပၚ အေျခခံၿပီး သူ႔ရဲ႕စီးပြါးေရးနဲ႔ ေထာက္ပံ့ပို႔ေဆာင္မႈေတြကို အထိနာေစမယ့္ ေနာက္ထပ္ ဒဏ္ခတ္မႈ လည္း ျဖစ္ေၾကာင္း မစၥတာ Borrell က ေျပာပါတယ္။ ဒါေပမယ့္ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

Mariupol ၿမိဳ႔ကို ႐ုရွားတပ္ေတြက ဝိုင္းထားသလို ၿမိဳ႕ထဲကို အဆက္မျပတ္ပစ္ခတ္ေနတဲ့ အတြက္ ၿမိဳ႕ထဲမွာ ပိတ္မိေနတဲ့ ေဒသခံေတြ အတြက္ အစားအစာနဲ႔ ေသာက္သံုးေရ မရပဲ ျဖစ္ေနတာပါ။ တနလၤာေန႔မွာေတာ့ ႐ုရွားက လူသားစာနာမႈ လမ္းေၾကာင္းဖြင့္ေပးမယ္လို႔ ေျပာခဲ့ေပမယ့္ ယူကရိန္းဒုဝန္ႀကီးခ်ဳပ္ကေတာ့ အကူညီေပးမယ့္သူေတြ တနလၤာေန႔လည္ခင္းအထိ ၿမိဳ႕ထဲ ဝင္လို႔ မရေသးဘူးလို႔ ေျပာပါတယ္။

====================

ရုရှားအပေါ် စတုတ္ထအကျော့ ဒဏ်ခတ် အရေးယူမှု EU ချမှတ်

ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ အတွက် ရုရှားအပေါ် အီးယူ ဥရောပသမဂ္ဂက စတုတ္ထအကျော့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း အီးယူနိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က တနင်္လာနေ့မှာ အတည်ပြုပါတယ်။

ရုရှားတပ်ဟာ ယူကရိန်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ယူကရိန်းဆိပ်ကမ်းမြို့ Mariupol တမြို့ထဲမှာတင် အရပ်သား ၂၄၀၀ ကျော် သေဆုံးခဲ့တာတွေ့နေရကြောင်းနဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ စစ်ပွဲဟာ ယူကရိန်းတနိုင်ငံထဲအတွက်မဟုတ်ပဲ ဥရောပတတိုက်လုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်စေတယ်လို့ North Macedonia နိုင်ငံ စကိုးပီးယား (Skopje) မြို့တော်ကိုရောက်နေတဲ့ အီးယူအကြီးအကဲကပြောပါတယ်။

အခုထပ်ပြီး အရေးယူရာမှာ ရုရှားရဲ့ သံမဏိလုပ်ငန်း၊ ကျောက်မီးသွေးနဲ့ စွမ်းအင်ကဏ္ဍတွေ အပြင် ရုရှားရဲ့ ဈေးကွက်လက်လှမ်းမှီမှုနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ်ရှိနေမှုကို ပစ်မှတ်ထား အရေးယူတာ ဖြစ်ကြောင်း ပြောပါတယ်။

အခုလို လုပ်ဆောင်တာဟာ ရုရှားအစိုးရက ကျူးကျော်မှုနဲ့အတူ ဝင်ငွေအတွက် သယံဇာတတွေ ရယူနေတာပေါ် အခြေခံပြီး သူ့ရဲ့စီးပွါးရေးနဲ့ ထောက်ပံ့ပို့ဆောင်မှုတွေကို အထိနာစေမယ့် နောက်ထပ် ဒဏ်ခတ်မှု လည်း ဖြစ်ကြောင်း မစ္စတာ Borrell က ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

Mariupol မြို့ကို ရုရှားတပ်တွေက ဝိုင်းထားသလို မြို့ထဲကို အဆက်မပြတ်ပစ်ခတ်နေတဲ့ အတွက် မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အတွက် အစားအစာနဲ့ သောက်သုံးရေ မရပဲ ဖြစ်နေတာပါ။ တနင်္လာနေ့မှာတော့ ရုရှားက လူသားစာနာမှု လမ်းကြောင်းဖွင့်ပေးမယ်လို့ ပြောခဲ့ပေမယ့် ယူကရိန်းဒုဝန်ကြီးချုပ်ကတော့ အကူညီပေးမယ့်သူတွေ တနင်္လာနေ့လည်ခင်းအထိ မြို့ထဲ ဝင်လို့ မရသေးဘူးလို့ ပြောပါတယ်။

XS
SM
MD
LG