သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားဓာတ္ေငြ႕ျဖတ္မယ့္အေရး အီးယူ ႀကိဳတင္ျပင္ဆင္ 


Belgium EU Russia Ukraine Energy

EU ဥေရာပသမဂၢအဖြဲ႔၀င္ႏုိင္ငံေတြမွာ ေဆာင္းတြင္းကာလ အိမ္ေတြကို အေႏြးဓာတ္ေပးဖို႔၊ လ ွ်ပ္စစ္ဓာတ္အားထုတ္ယူဖို႔နဲ႔  စက္ရုံအလုပ္ရုံေတြလည္ပတ္ဖို႔သုံးေနၾကတဲ့ သဘာ၀ဓာတ္ေငြ႔ကို ရုရွားႏုိင္ငံက ျဖတ္ေတာက္လာနုိင္ေျခရွိေနတဲ့အေပၚ EU ကႀကိဳတင္ျပင္ဆင္ေနပါတယ္။

႐ုရွားဓာတ္ေငြ႕ျဖတ္မယ့္အေရး အီးယူ ႀကိဳတင္ျပင္ဆင္

{{Zawgyi/Unicode}}
EU ဥေရာပသမဂၢအဖြဲ႔၀င္ႏုိင္ငံေတြမွာ ေဆာင္းတြင္းကာလ အိမ္ေတြကို အေႏြးဓာတ္ေပးဖို႔၊ လ ွ်ပ္စစ္ဓာတ္အားထုတ္ယူဖို႔နဲ႔ စက္ရုံအလုပ္ရုံေတြလည္ပတ္ဖို႔သုံးေနၾကတဲ့ သဘာ၀ဓာတ္ေငြ႔ကို ရုရွားႏုိင္ငံက ျဖတ္ေတာက္လာနုိင္ေျခရွိေနတဲ့အေပၚ EU ကႀကိဳတင္ျပင္ဆင္ေနပါတယ္။

အဖြဲ႔၀င္ႏုိင္ငံေတြအေနနဲ႔ စြမ္းအင္သုံးစြဲမႈေတြ ေလ ွ်ာ့ခ်ၾကဖို႔နဲ႔ အေရးေပၚအေျခအေနႀကဳံလာတဲ့အခါ သဘာ၀ဓာတ္ေငြ႔ ေပးေ၀မႈေလ်ာ့ခ်ႏုိ္င္တဲ့ အခြင့္အာဏာေတြေပးဖို႔လည္း EU ေကာ္မရွင္ကဗုဒၶဟူးေန႔ထုတ္ျပန္ခ်က္မွာ တုိက္တြန္းထားပါတယ္။ EU ရဲ ႔ ရည္မွန္းခ်က္က ၾသဂုတ္လကေန လာမယ့္ မတ္လကုန္ထိ သဘာ၀ဓာတ္ေငြ႔လိုအပ္ခ်က္ေတြကို ၁၅% ေလ်ာ့ခ်ေရးျဖစ္ပါတယ္။

စြြမ္းအင္ကို လက္နက္သဖြယ္ အသုံးခ်ေနတဲ့ ရုရွားက အီးယူကို အက်ပ္ကိုင္ေနသလို ရုရွားက ေပးပို႔ေနတဲ့ သဘာ၀ဓာတ္ေငြ႔ေတြကို ေလ်ာ့ခ်လိုက္တာပဲျဖစ္ေစ ဒါမွမဟုတ္ လုံး၀ ျဖတ္ေတာက္လုိ္က္တာပဲျဖစ္ေစ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ဥေရာပဖက္က အဆင္သင့္ျပင္ထားဖို႔လိုေၾကာင္း အီးယူကေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen ကေျပာပါတယ္။

ယူကရိန္းကို ရုရွားတို႔ စတင္က်ဴးေက်ာ္တုိက္ခို္က္ခ့ဲ့တဲ့ ေဖေဖာ္၀ါရီလေႏွာင္းပိုင္းကတည္းက ရုရွားရဲ ႔ ေက်ာက္မီးေသြးနဲ႔ ေလာင္စာဆီအေတာ္မ်ားမ်ား အီးယူ က၀ယ္ယူမႈရပ္ဆုိင္းခဲ့ပါတယ္။ စြမ္းအင္အတြက္ရုရွားကို မွီခိုေနရတာမ်ိဳးမျဖစ္ေအာင္ အလ်င္အျမန္ က်ိဳးစားေနတဲ့ အီးယူက သဘာ၀ဓာတ္ေငြ႔ကိုလည္း တျခားေနရာေတြက ရွာေဖြေနတာပါ။

ဒါေပမယ့္လည္း အဲဒီက်ိဳးစားခ်က္ေတြက စြမ္းအင္လိုအပ္ခ်က္ကို လိုက္လို႔မွီမွာမဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ခုကတည္း ကစြမ္းအင္ေျခြတာၾကဖို႔၊ ေဆာင္းတြင္းအတြက္ ဓာတ္ေငြ႔ေတြ သိုေလွာင္ထားႏုိင္ေအာင္ အျခားေလာင္စာေတြကို အစားထိုး အသုံးျပဳၾကဖို႔ EU ေကာ္မရွင္က ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................

ရုရှားဓာတ်ငွေ့ဖြတ်မယ့်အရေး အီးယူ ကြိုတင်ပြင်ဆင်

{{Zawgyi/Unicode}}
EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ဆောင်းတွင်းကာလ အိမ်တွေကို အနွေးဓာတ်ပေးဖို့၊ လ ျှပ်စစ်ဓာတ်အားထုတ်ယူဖို့နဲ့ စက်ရုံအလုပ်ရုံတွေလည်ပတ်ဖို့သုံးနေကြတဲ့ သဘာဝဓာတ်ငွေ့ကို ရုရှားနိုင်ငံက ဖြတ်တောက်လာနိုင်ခြေရှိနေတဲ့အပေါ် EU ကကြိုတင်ပြင်ဆင်နေပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စွမ်းအင်သုံးစွဲမှုတွေ လေ ျှာ့ချကြဖို့နဲ့ အရေးပေါ်အခြေအနေကြုံလာတဲ့အခါ သဘာဝဓာတ်ငွေ့ ပေးဝေမှုလျော့ချနိုင်တဲ့ အခွင့်အာဏာတွေပေးဖို့လည်း EU ကော်မရှင်ကဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ EU ရဲ့ ရည်မှန်းချက်က သြဂုတ်လကနေ လာမယ့် မတ်လကုန်ထိ သဘာဝဓာတ်ငွေ့လိုအပ်ချက်တွေကို ၁၅% လျော့ချရေးဖြစ်ပါတယ်။

စွမ်းအင်ကို လက်နက်သဖွယ် အသုံးချနေတဲ့ ရုရှားက အီးယူကို အကျပ်ကိုင်နေသလို ရုရှားက ပေးပို့နေတဲ့ သဘာဝဓာတ်ငွေ့တွေကို လျော့ချလိုက်တာပဲဖြစ်စေ ဒါမှမဟုတ် လုံး၀ ဖြတ်တောက်လိုက်တာပဲဖြစ်စေ ဘယ်လိုအခြေအနေမျိုးမှာမဆို ဥရောပဖက်က အဆင်သင့်ပြင်ထားဖို့လိုကြောင်း အီးယူကကော်မရှင် အကြီးအကဲ Ursula von der Leyen ကပြောပါတယ်။

ယူကရိန်းကို ရုရှားတို့ စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ရုရှားရဲ့ ကျောက်မီးသွေးနဲ့ လောင်စာဆီအတော်များများ အီးယူ ကဝယ်ယူမှုရပ်ဆိုင်းခဲ့ပါတယ်။ စွမ်းအင်အတွက်ရုရှားကို မှီခိုနေရတာမျိုးမဖြစ်အောင် အလျင်အမြန် ကျိုးစားနေတဲ့ အီးယူက သဘာဝဓာတ်ငွေ့ကိုလည်း တခြားနေရာတွေက ရှာဖွေနေတာပါ။

ဒါပေမယ့်လည်း အဲဒီကျိုးစားချက်တွေက စွမ်းအင်လိုအပ်ချက်ကို လိုက်လို့မှီမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ခုကတည်း ကစွမ်းအင်ခြွေတာကြဖို့၊ ဆောင်းတွင်းအတွက် ဓာတ်ငွေ့တွေ သိုလှောင်ထားနိုင်အောင် အခြားလောင်စာတွေကို အစားထိုး အသုံးပြုကြဖို့ EU ကော်မရှင်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG