သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယ သဘောတူ


India EU
India EU

အိန္ဒိယနဲ့ EU ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲကောင်စီတရပ်ကို ထူထောင်ဖို့ တနင်္လာနေ့မှာ သဘောတူ လိုက်ပါတယ်။

Zawgyi/Unicode

ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယ သဘောတူ


အိန္ဒိယနဲ့ EU ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲကောင်စီတရပ်ကို ထူထောင်ဖို့ တနင်္လာနေ့မှာ သဘောတူ လိုက်ပါတယ်။

ဥရောပသမဂ္ဂ ဥက္ကဌ Ursula von der Leyen ဟာ အန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ၂ ရက်ကြာအလည်ပတ်ရောက်ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ရုရှားနဲ့ နီးစပ်တဲ့ အိန္ဒိယရဲ့ ဆက်ဆံရေးကု ိပြောင်းလဲလာဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ရုရှားဟာ အိန္ဒိယရဲ့အဓိကလက်နက်တင်ပို့သူဖြစ်ပြီး ယူကရိန်းကို ကျူးကျော်ပြီးနောက် အန္ဒိိယ ထိပ်ပိုင်းခေါင်းဆောင် ရုရှားကို သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနဲ့ အခုလို နည်းပညာဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုထားတာဟာ EU ပြီးရင် အမေရိကန်တနိုင်ငံဘဲရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခဲ့တဲ့ EU ဥက္ကဌက ပြောဆိုရာမှာ ဒီကနေ့ဟာ ဆက်ဆံရေးဟာ အရင်ကထက် အရေးပါပါတယ်။ နှစ်ဘက်အကြား တူညီချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာဘဲ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

EU အနေနဲ့ အိန္ဒိယကို ဥရောပထုတ်စစ်လက်နက် ပစ္စည်းတွေ တိုးမြှင့်ရောင်းချပေးဖို့ ကမ်းလှမ်းနိုင်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုကို ပြန်လည်စတင်နိုင်တယ်လို့ ဒီတွေ့ဆုံမှု မတိုင်ခင်က အကြီးတန်း EU အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေကိုလည်း ဆွေးနွေးအမြင်ဖလှယ်ခဲ့ကြတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Subrahmanyam Jaishankar က ဥရောပသမဂ္ဂ ဥက္ကဌ von der Leyen နဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံတွေက ရုရှားပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ် ထားပေမယ့် အိန္ဒိယဟာ အခြား ဥရောပနိုင်ငံတွေလိုဘဲ ရုရှားကနေ လောင်စာဆီ ဝယ်ယူလိုတဲ့ နိုင်ငံဖြစ်ပါတယ်။

##

ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယ သဘောတူ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Unicode

ဥရောပသမဂ်ဂနဲ့ ဆကျဆံရေးတိုးမွှင့ျဖို့ အိန်ဒိယ သဘောတူ










XS
SM
MD
LG