သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



UKRAINE-CRISIS/NATO


Zawgyi/Unicode



တိုက်ရိုက် လင့်ခ်

#

ယူကရိန်းစစ်ပွဲ နျူကလီယားလက်နက် မသုံးဖို့ ရုရှားကို ကန်သတိပေး

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ နျူကလီးယား လက်နှက်အသုံးပြုလာခဲ့မယ်လိုဆိုရင် ပြင်းထန်တဲ့နောက်ဆက်တွဲ တုန့်ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမင်း Wendy Sherman ကသောကြာနေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။
နျူကလီးယားလက်နက်တွေရဲ့အန္တရယ်ရှိနေတဲ့တွက် ယူကရိန်းနိုင်ငံထဲကို အမေရိကန် တပ်တွေကိုမစေ လွှတ်တာဆိုတဲ့ယူဆချက်ကို မဟုတ်မမှန်ဘူးလို့လည်း Sharman က အီးယူနိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ EEAS အကြီးအကဲ စတီဖက်နို ဆန်နီနို Stefano Sannino နဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
အမေရိကန်တပ်တွေစလွှတ်တာထက်၊ ယူကရိန်းကိုသူ့ဘာသာသူ ကာကွယ်နိုင်အောင် ထောက်ပံ့သင့်တယ်လို့ အမေရိကန်အစိုးရအနေနဲ့ယုံကြည်တဲ့တွက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမတပူတင်အနေနဲ့ နျူကလီးယားလက်နှက် အသုံးပြုလိမ့်မယ်လို့မမျှော်လင့်ပါဘူး၊ ဒါပေမယ့် သုံးခဲ့မယ်ဆိုရင်တော့ ပြင်းထန်တဲ့နောက်ဆက်တွဲတုန့်ပြန်မှုတွေနဲ့ရင်ဆိုင်ရ မှာဖြစ်ပြီး၊ ကမ္ဘာကြီးဟာလည်းထူးထူးခြားခြားပြောင်းလဲ သွားမှာသေခြာပါတယ်လို့ လည်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ သမတ ပူတင်ကိုထောက်ခံမှုနဲ့ ရုရှားရဲ့ကျူးကျော်မှုနဲ့ ပတ်သက်တဲ့ရပ်တ ည်ချက်ကိုလည်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။ တရုတ်အနေနဲ့ ရုရှားကို ရုပ်ဝတ္တုပစည်းတွေ ကူညီထောက်ပံ့ မယ်ဆိုရင် အမေရိကန်နဲ့ EU အနေနဲ့ ဘယ်လိုတုန့် ပြန်ဆောင်ရွက်မယ်ဆိုတာကို အသေးစိပ် ပြောကြားထားပြီးသားဖြစ်တယ်လို့လည်း အမေရိကန်ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Wenday Sherman ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG