သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အိႏၵိယ-ျမန္မာ နာဂမ်ိဳးႏြယ္စုမ်ား ညီၫြတ္ေရး အခမ္းအနား မဏိပူမွာက်င္းပ


အိႏၵိယျပည္နယ္ နာဂလန္းျပည္နယ္မွာ ေနထုိင္ၾကတဲ့ နာဂလူမ်ဳိးအခ်ဳိ႕။ (ဒီဇင္ဘာ ၂၊ ၂၀၁၂)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံဘက္ျခမ္းရွိတဲ့ နာဂတိုင္းရင္းသားေတြနဲ႔ အိႏၵိယဘက္ျခမ္း ေနထိုင္ၾကတဲ့ နာဂလူမ်ိဳးေတြ ညီၫြတ္ေၾကာင္း ျပသတဲ့အေနနဲ႔ အိႏၵိယနယ္စပ္ မဏိပူျပည္နယ္ Ukhrul ၿမိဳ႕မွာ ႐ိုးရာယဥ္ေက်းမႈ ပြဲေတာ္တခု တနဂၤေႏြေန႔က က်င္းပခဲ့ၾကပါတယ္။

Zingtun Tangkhul Katamnao Long လို႔ေခၚတဲ့ နာဂမ်ိဳးႏြယ္စု အဖြဲ႔အစည္း တည္ေထာင္ျခင္း အႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို Tangkhul Naga လူမ်ားစုေနထိုင္တဲ့ Talui ရြာမွာ က်င္းပေနတာျဖစ္ၿပီး အမ်ိဳးမ်ိဳးေသာ နာဂမ်ိဳးႏြယ္စုေတြဟာ အျမင္တမ်ိဳးတည္းနဲ႔ တသားတည္း ရွိၾကတယ္ဆိုတာကို ျပသခဲ့ၾကပါတယ္။

Talui ရြာဟာ Somdal ေဒသကေန ၁၀ မိုင္ အကြာေလာက္မွာရွိၿပီး နာဂဆိုရွယ္လစ္ေကာင္စီ (NSCN-IM) ရဲ႕ ေခါင္းေဆာင္ Thuingaleng Muivah ရဲ႕ ေမြးရပ္ဇာတိလည္း ျဖစ္ပါတယ္။

နာဂလူဦးေရဟာ အေတာ္အတန္ႀကီးမားၿပီး အိႏၵိယထဲက အာသံျပည္နယ္၊ နာဂလန္း၊ မဏိပူနဲ႔ Arunachal Pradesh ျပည္နယ္ေတြနဲ႔ ျမန္မာျပည္ဘက္ျခမ္းမွာလည္း ေနထိုင္ၾကပါတယ္။

ျမန္မာျပည္ စစ္ကိုင္းတိုင္းအေျခစိုက္ အေရွ႕ဘက္နာဂေက်ာင္းသားမ်ား အစည္းအ႐ုံး (ENSA) အဖြဲ႔ဝင္ေတြကေတာ့ Ukhrul ၿမိဳ႕က ပြဲေတာ္ကို တက္ေရာက္ဖို႔ မိုင္ေပါင္းမ်ားစြာ ဖုံထူတဲ့လမ္းၾကမ္းကို ျဖတ္သန္းခဲ့ရတယ္လို႔ ဆိုပါတယ္။

ENSA ေက်ာင္းသားအစည္းအ႐ုံး ဥကၠ႒ Nokpai Chonglymn ကေတာ့ ျမန္မာျပည္ထဲက နာဂေတြဟာ အပစ္ပယ္ခံေနရၿပီး အေမွာင္ေခတ္ထဲမွာ ေနထိုင္ေနရတယ္လို႔ ဆိုပါတယ္။ တေန႔တခ်ိန္က်ရင္ နာဂမ်ဳိးႏြယ္စုေတြအားလုံး တေပါင္းတစည္းတည္း ျဖစ္သြားၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံထဲမွာေတာ့ တရားဝင္စာရင္းအရ နာဂမ်ဳိးႏြယ္ ၉ ခုရွိတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အိန္ဒိယ-မြန်မာ နာဂမျိုးနွယ်စုများ ညီညွတ်ရေး အခမ်းအနား မဏိပူမှာကျင်းပ

မြန်မာနိုင်ငံဘက်ခြမ်းရှိတဲ့ နာဂတိုင်းရင်းသားတွေနဲ့ အိန္ဒိယဘက်ခြမ်း နေထိုင်ကြတဲ့ နာဂလူမျိုးတွေ ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ အိန္ဒိယနယ်စပ် မဏိပူပြည်နယ် Ukhrul မြို့မှာ ရိုးရာယဉ်ကျေးမှု ပွဲတော်တခု တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။

Zingtun Tangkhul Katamnao Long လို့ခေါ်တဲ့ နာဂမျိုးနွယ်စု အဖွဲ့အစည်း တည်ထောင်ခြင်း အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို Tangkhul Naga လူများစုနေထိုင်တဲ့ Talui ရွာမှာ ကျင်းပနေတာဖြစ်ပြီး အမျိုးမျိုးသော နာဂမျိုးနွယ်စုတွေဟာ အမြင်တမျိုးတည်းနဲ့ တသားတည်း ရှိကြတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။

Talui ရွာဟာ Somdal ဒေသကနေ ၁၀ မိုင် အကွာလောက်မှာရှိပြီး နာဂဆိုရှယ်လစ်ကောင်စီ (NSCN-IM) ရဲ့ ခေါင်းဆောင် Thuingaleng Muivah ရဲ့ မွေးရပ်ဇာတိလည်း ဖြစ်ပါတယ်။

နာဂလူဦးရေဟာ အတော်အတန်ကြီးမားပြီး အိန္ဒိယထဲက အာသံပြည်နယ်၊ နာဂလန်း၊ မဏိပူနဲ့ Arunachal Pradesh ပြည်နယ်တွေနဲ့ မြန်မာပြည်ဘက်ခြမ်းမှာလည်း နေထိုင်ကြပါတယ်။

မြန်မာပြည် စစ်ကိုင်းတိုင်းအခြေစိုက် အရှေ့ဘက်နာဂကျောင်းသားများ အစည်းအရုံး (ENSA) အဖွဲ့ဝင်တွေကတော့ Ukhrul မြို့က ပွဲတော်ကို တက်ရောက်ဖို့ မိုင်ပေါင်းများစွာ ဖုံထူတဲ့လမ်းကြမ်းကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ENSA ကျောင်းသားအစည်းအရုံး ဥက္ကဋ္ဌ Nokpai Chonglymn ကတော့ မြန်မာပြည်ထဲက နာဂတွေဟာ အပစ်ပယ်ခံနေရပြီး အမှောင်ခေတ်ထဲမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ တနေ့တချိန်ကျရင် နာဂမျိုးနွယ်စုတွေအားလုံး တပေါင်းတစည်းတည်း ဖြစ်သွားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ တရားဝင်စာရင်းအရ နာဂမျိုးနွယ် ၉ ခုရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG