သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပ ကိုယ္ပိုင္ကာကြယ္ေရးမဟာမိတ္ထူေထာင္ဖို႔ EU တိုက္တြန္း


ဥေရာပေကာ္မရွင္ ဥကၠ႒ Ursula von der Leyen

အေမရိကန္ရဲ႕ အကူအညီမလိုပဲ ကာကြယ္ေရး စြမ္းရည္ေတြကို ျမႇင့္တင္ၾကဖို႔ ဥေရာပသမဂၢ (EU) အႀကီးအကဲက အဖဲြ႕၀င္ ႏိုင္ငံေတြကို တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ရဲ႕ အကူအညီမလိုပဲ ကာကြယ္ေရး စြမ္းရည္ေတြကို ျမႇင့္တင္ၾကဖို႔ ဥေရာပသမဂၢ (EU) အႀကီးအကဲက အဖဲြ႕၀င္ ႏိုင္ငံေတြကို တိုက္တြန္းလိုက္ပါတယ္။ အာဖဂန္နစၥတန္ ႏိုင္ငံမွာ အစိုးရစစ္တပ္ ၿပိဳကဲြခဲ့ၿပီး၊ တာလီဘန္ေတြ ႏိုင္ငံကို သိမ္းပိုက္လိုက္တာေၾကာင့္ လူေပါင္း ေထာင္ေသာင္းခ်ီ ၀႐ုန္းသုံးကား တိမ္းေရွာင္ခဲ့ရတာ ၁ လေလာက္ အၾကာမွာပဲ ဥေရာပေကာ္မရွင္ ဥကၠ႒ Ursula von der Leyen က ေျပာလိုက္တာပါ။

“စြမ္းေဆာင္ရည္ အားနည္းမႈေတြ သာမက ႏိုင္ငံေရးဆႏၵ အားနည္းမႈေတြေၾကာင့္ ဥေရာပဟာ ေနာက္က်န္ေနရတာ ျဖစ္ပါတယ္။” လို႔ ျပင္သစ္ႏိုင္ငံ Strasbourg ၿမိဳ႕က ဥေရာပ ပါလီမန္မွာ အဂၤါေန႔က ႏွစ္ပတ္လည္ မိန္႔ခြန္းေျပာရာမွာ ဥေရာပေကာ္မရွင္ ဥကၠ႒က ေျပာဆိုလိုက္တာပါ။

ကမာၻတ၀န္းကို တိုက္ခိုက္ေရးတပ္ေတြ ေစလႊတ္ဖို႔ တြန္႔ဆုတ္ေလ့ အရွိဆုံး EU အဖဲြ႕၀င္ ႏိုင္ငံေတြထဲမွာ တႏိုင္ငံအျဖစ္ ပါ၀င္ေနတဲ့ ဂ်ာမနီႏိုင္ငံရဲ႕ ကာကြယ္ေရး ၀န္ႀကီးေဟာင္းလည္းျဖစ္တဲ့ ဥေရာပ ေကာ္မရွင္ဥကၠ႒ကေတာ့ ကိုယ္တိုင္စြမ္းေဆာင္ႏိုင္စြမ္းရွိတဲ့ ဥေရာပ အေနနဲ႔ အားစိုက္ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။ EU ရဲ႕ အစဥ္အလာ သံတမန္ေရး ခ်ဥ္းကပ္မႈေတြနဲ႔ ကိုက္ညီမယ့္ ကာကြယ္ေရး မဟာမိတ္အဖဲြ႕ တခုဖဲြ႕စည္းဖို႔လည္း အၾကံျပဳခဲ့တာပါ။

EU အဖဲြ႕၀င္ေတြၾကား လက္နက္ထုတ္လုပ္ ေရာင္းခ်မႈေတြအတြက္ အခြန္သက္သာခြင့္ အစီအစဥ္ေတြ၊ ေထာက္လွမ္းေရး သတင္းဖလွယ္တာေတြ၊ ဆိုင္ဘာတိုက္ခိုက္မႈ အႏၲရာယ္ကေန ကာကြယ္ေရး လုပ္ငန္းေတြကို တိုးျမႇင့္ဖို႔လည္း ဥေရာပေကာ္မရွင္ ဥကၠ႒က တိုက္တြန္းခဲ့ပါတယ္။

--------------------

ဥရောပ ကိုယ်ပိုင်ကာကွယ်ရေးမဟာမိတ်ထူထောင်ဖို့ EU တိုက်တွန်း

အမေရိကန်ရဲ့ အကူအညီမလိုပဲ ကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ကြဖို့ ဥရောပသမဂ္ဂ (EU) အကြီးအကဲက အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံမှာ အစိုးရစစ်တပ် ပြိုကွဲခဲ့ပြီး၊ တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်လိုက်တာကြောင့် လူပေါင်း ထောင်သောင်းချီ ဝရုန်းသုံးကား တိမ်းရှောင်ခဲ့ရတာ ၁ လလောက် အကြာမှာပဲ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ပြောလိုက်တာပါ။

“စွမ်းဆောင်ရည် အားနည်းမှုတွေ သာမက နိုင်ငံရေးဆန္ဒ အားနည်းမှုတွေကြောင့် ဥရောပဟာ နောက်ကျန်နေရတာ ဖြစ်ပါတယ်။” လို့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပ ပါလီမန်မှာ အင်္ဂါနေ့က နှစ်ပတ်လည် မိန့်ခွန်းပြောရာမှာ ဥရောပကော်မရှင် ဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။

ကမ္ဘာတဝန်းကို တိုက်ခိုက်ရေးတပ်တွေ စေလွှတ်ဖို့ တွန့်ဆုတ်လေ့ အရှိဆုံး EU အဖွဲ့ဝင် နိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေတဲ့ ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌကတော့ ကိုယ်တိုင်စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ဥရောပ အနေနဲ့ အားစိုက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ EU ရဲ့ အစဉ်အလာ သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ ကိုက်ညီမယ့် ကာကွယ်ရေး မဟာမိတ်အဖွဲ့ တခုဖွဲ့စည်းဖို့လည်း အကြံပြုခဲ့တာပါ။

EU အဖွဲ့ဝင်တွေကြား လက်နက်ထုတ်လုပ် ရောင်းချမှုတွေအတွက် အခွန်သက်သာခွင့် အစီအစဉ်တွေ၊ ထောက်လှမ်းရေး သတင်းဖလှယ်တာတွေ၊ ဆိုင်ဘာတိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဖို့လည်း ဥရောပကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG