သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် အရေးယူဒဏ်ခတ်မှု EU သက်တမ်းတိုး


EU ခေါင်းဆောင်များ ဥရောပသမဂ္ဂအစည်းအဝေးကို ဘရပ်ဆဲလ်မှာ ကျင်းပစဉ်။ (ဇွန် ၂၈၊ ၂၀၁၈)

ရုရှားက ယူကရိန်းနိုင်ငံ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သူ့ပိုင်နက်ထဲ သွတ်သွင်းခဲ့တဲ့အတွက် ရုရှားအပေါ်ချမှတ်ခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အခု ထပ်မံ သက်တမ်းတိုးဖို့ အီးယူ ခေါင်းဆောင်တွေ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု နောက်ထပ် ခြောက်လ သက်တမ်းတိုးတဲ့အကြောင်း ဒီကနေ့ သောကြာနေ့မှာ EU ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ Belgium နိုင်ငံမှာ ကျင်းပနေတဲ့ အီးယူထိပ်သီး ဆွေးနွေးပွဲအတွင်း ယူကရိန်းအရေးနဲ့ပတ်သက်လို့ အချိန် ခဏယူ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တခုက AFP သတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါ တယ်။ ရုရှားရဲ့ ခရိုင်းမီးယားကျွန်းဆွယ် သိမ်းယူမှုအတွက် အမေရိကန်ပြည်ထောင်စုကလည်း ရုရှားအပေါ် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လည်း ရုရှားဟာ Trump အနိုင်ရဖို့အတွက် ဝင်ရောက် စွက်ဖက်တာတွေ ရှိခဲ့တယ်ဆိုပြီး အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက ကောက်ချက် ချထားတဲ့အပြင် ရုရှားက လူပုဂ္ဂိုလ်တချို့နဲ့ အဖွဲ့အစည်း တချို့ကိုလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ခဲ့မှုနဲ့ ဒီကိစ္စ စုံစမ်း စစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူးRobert Mueller က စွဲချက်တင်ထားပါတယ်။

သမ္မတ Trump ကတော့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားအစိုးရ စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်နေ တုန်းပါ။ ဒီအခြေအနေတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ သမ္မတ Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ရှေ့ လ ၁၆ ရက်နေ့ ဖင်လန်နိုင်ငံ Helsinki မြို့မှာ ထိပ်သီးတွေ့ဆုံကြဖို့ ရှိနေပါတယ်။

please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG