သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို အရေးယူဒဏ်ခတ်မှုအသစ် EU ချမှတ်


UKRAINE-CRISIS/SANCTIONS

ဥပဒေကို လက်တစ်လုံးခြားအသုံးချပြီး ရုရှားနဲ့ဆက်လက်ကုန်သွယ်နေတဲ့တိုင်းပြည်တွေကို ပစ်မှတ်ထားအရေးယူမယ့် ပိတ်ဆို့အရေးမှုပြဌာန်းချက်အသစ်တစ်ရပ်ကို ဥရောပသမဂ္ဂ (အီးယူ) က ဗုဒ္ဓဟူးနေ့မှာ ချမှတ်လိုက်ပါတယ်။ အရင်တုန်းကလည်း ရုရှားအပေါ် ပိတ်ဆို့ အရေးယူတာ ဆယ်ကြိမ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အီးယူနဲ့ရော ရုရှားနဲ့ပါ ပိုနေမြဲ ကျားနေကြမြဲ အရောင်းအဝယ်လုပ်နေကြတဲ့တိုင်းပြည်တွေကကုမ္ပဏီတွေ အပေါ် ဒီပြဌာန်းချက်က သက်ရောက်မှုရှိမှာပါ။ စစ်နဲ့ဆက်စပ်ကုန်ကြမ်းနဲ့ပစ္စည်းတွေ ရုရှားကိုမရောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူထားတဲ့ ပစ္စည်းတွေရှောင်ကွင်းပြီးရုရှားကို မရောက်အောင် ဒီပြဌာန်းချက်က ကာကွယ်ပေး လိမ့်မယ်လို့ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen ကပြောပါတယ်။ အီရန်ကိုအရေးယူထားပေ မဲ့တခြားတိုင်းပြည်တွေကို ပစ်မှတ်ထားပြီးရုရှားရဲ့ ကုန်သွယ်ရေးကို ပိတ်ဆို့ဖို့ ကြိုးစားတာကတော့ ဥရောပ သမဂ္ဂအနေနဲ့ ဒါဟာပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ယူကရိန်းကကလေးတွေကို ရုရှားပို့ခဲ့တဲ့ လူ ၇၁ ယောက်နဲ့ ဌာနအဖွဲ့အစည်း ၃၃ ခုကိုလည်း ဒီ ပြဌာန်းချက် က ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒါ့အပြင် ရေနံနဲ့ ရေနံထွက်ပစ္စည်းလို အရေးယူထားတဲ့ ပစ္စည်းတွေ ရုရှား နဲ့ ကုန်သွယ်တဲ့အခါ သင်္ဘောချင်း လွှဲပြောင်းရာမှာပါဝင်ခဲ့တဲ့ သင်္ဘောတွေကိုလည်း ဥရောပဆိပ်ကမ်းတွေ မှာ ကမ်းကပ်ခွင့် ပိတ်ဖို့ အရေးယူလိုက်ပါတယ်။

ဥရောပသမဂ္ဂအတွင်း အလုပ်လုပ်ခွင့် လိုင်စင် ရထားပြီး ရုရှား မီဒီယာ အဖွဲ့ငါးဖွဲ့ ရဲ့ လိုင်စင်တွေ ကိုလည်း ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ရုရှားကို အရေးယူဒဏ်ခတ်မှုအသစ် EU ချမှတ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG