ရုရွားေရနံဝယ္ယူမႈ ပိတ္ပင္ေရး ျဖစ္ႏိုင္ေျခ EU သံတမန္ေတြဆန္းစစ္
{{Zawgyi/Unicode}}
ေသာင္မတင္ ေရမက် ျဖစ္ေနတဲ့ ႐ုရွားေရနံတင္သြင္းမႈ ကန္႔သတ္မယ့္ကိစၥ၊ တနလၤာေန႔ ဘရပ္ဆဲလ္မွာ စတင္မယ့္ အေရးေပၚညီလာခံမတိုင္ခင္ ျပတ္ျပတ္သားသားလုပ္ႏိုင္ေအာင္ အေပးအယူဘာေတြလုပ္ႏိုင္မယ္ ဆိုတာကို အီးယူ ဥေရာပသမဂၢ အဖြဲ႔ဝင္ ၂၇ ႏိုင္ငံက သံအမတ္ႀကီးေတြဟာ တနဂၤေႏြေန႔မွာ ဆန္းစစ္ေနၾကပါတယ္။
ဘရပ္ဆဲလ္က ၂ ရက္ၾကာအစည္းေဝးမွာ ဒီကိစၥ သေဘာတူညီခ်က္ တစံုတရာ မရပဲ ျဖစ္ေနမွာကို အီးယူအရာရွိေတြ စိုးရိမ္ေနၾကတာပါ။ ဒီအစည္းအေဝးကို ယူကရိန္းသမၼတ Volodymyr Zelenskyy က ဗီဒီယိ္ု မိန္႔ခြန္း ေပးပို႔ေျပာၾကားမွာ ျဖစ္ၿပီး ယူကရိန္းကို ဝင္ေရာက္ က်ဴးေက်ာ္တာ ၃ လေက်ာ္ေနၿပီျဖစ္တဲ့ ႐ုရွား ဆီက ထြက္ကုန္ေတြ မယူဖို႔ ယူကရိန္းသမၼတက အီးယူကို တြန္းအားေပးဖို႔ ရွိေနပါတယ္။
အီးယူက ေနာက္ဆံုးအဆိုျပဳထားတဲ့ အေရးယူဒဏ္ခတ္မႈအတြက္ ေရလမ္းကေန ေရနံတင္သြင္းလို႔ မရတဲ့ ကုန္းတြင္းပိတ္ႏိုင္ငံတခု ျဖစ္တဲ့ ဟန္ေဂရီက ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။ ႐ုရွားဆီက ေရနံစိမ္းေတြကို ႐ုရွားကေန အေရွ႕နဲ႔ အလယ္ဥေရာပကို တင္ပို႔တဲ့ ႐ုရွားရဲ႕ Druzhba ပိုက္လိုင္းကေန ရယူေနတဲ့ ဟန္ေဂရီဟာ ဒီ႐ုရွားေရနံ ေပၚမွာ ၆၅ % ေလာက္ မွီခိုေနရတာ ျဖစ္ပါတယ္။ ႐ုရွားေရနံအစား အိမ္နီးခ်င္း Croatia ဆီကေန ယူႏိုင္ဖို႔ အီးယူက ရံပံုေငြ သန္း ၈၆၀ ထက္မနည္း ၄ ႏွစ္အတြက္ ခ်ထားေပးဖို႔ လိုလားေနတာ ျဖစ္ပါတယ္။
Druzhba ပိုက္လိုင္းကေန ႐ုရွားေရနံေတြ ရယူေနတဲ့ စလိုဗက္ကီးယားနဲ႔ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ ေတြကေတာ့ ၂ ႏွစ္ခြဲေလာက္ ကင္းလြတ္ခြင့္နဲ႔ လက္ခံထားတာ ျဖစ္ပါတယ္။ အီးယူအတြက္ ႐ုရွားဆီက ေရနံတင္သြင္းမႈ အားလံုးရဲ႕ သံုးပံု တပံုကို Druzhba ပိုက္လိုင္းကေန ရရွိေနတာျဖစ္ၿပီး က်န္း သံုးပံု ၂ ပံုက ေရေၾကာင္းကေန ရယူေနတာ ျဖစ္ပါတယ္။
.......................................
ရုရှားရေနံဝယ်ယူမှု ပိတ်ပင်ရေး ဖြစ်နိုင်ခြေ EU သံတမန်တွေဆန်းစစ်
{{Zawgyi/Unicode}}
သောင်မတင် ရေမကျ ဖြစ်နေတဲ့ ရုရှားရေနံတင်သွင်းမှု ကန့်သတ်မယ့်ကိစ္စ၊ တနင်္လာနေ့ ဘရပ်ဆဲလ်မှာ စတင်မယ့် အရေးပေါ်ညီလာခံမတိုင်ခင် ပြတ်ပြတ်သားသားလုပ်နိုင်အောင် အပေးအယူဘာတွေလုပ်နိုင်မယ် ဆိုတာကို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက သံအမတ်ကြီးတွေဟာ တနင်္ဂနွေနေ့မှာ ဆန်းစစ်နေကြပါတယ်။
ဘရပ်ဆဲလ်က ၂ ရက်ကြာအစည်းဝေးမှာ ဒီကိစ္စ သဘောတူညီချက် တစုံတရာ မရပဲ ဖြစ်နေမှာကို အီးယူအရာရှိတွေ စိုးရိမ်နေကြတာပါ။ ဒီအစည်းအဝေးကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗီဒီယို မိန့်ခွန်း ပေးပို့ပြောကြားမှာ ဖြစ်ပြီး ယူကရိန်းကို ဝင်ရောက် ကျူးကျော်တာ ၃ လကျော်နေပြီဖြစ်တဲ့ ရုရှား ဆီက ထွက်ကုန်တွေ မယူဖို့ ယူကရိန်းသမ္မတက အီးယူကို တွန်းအားပေးဖို့ ရှိနေပါတယ်။
အီးယူက နောက်ဆုံးအဆိုပြုထားတဲ့ အရေးယူဒဏ်ခတ်မှုအတွက် ရေလမ်းကနေ ရေနံတင်သွင်းလို့ မရတဲ့ ကုန်းတွင်းပိတ်နိုင်ငံတခု ဖြစ်တဲ့ ဟန်ဂေရီက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ရုရှားဆီက ရေနံစိမ်းတွေကို ရုရှားကနေ အရှေ့နဲ့ အလယ်ဥရောပကို တင်ပို့တဲ့ ရုရှားရဲ့ Druzhba ပိုက်လိုင်းကနေ ရယူနေတဲ့ ဟန်ဂေရီဟာ ဒီရုရှားရေနံ ပေါ်မှာ ၆၅ % လောက် မှီခိုနေရတာ ဖြစ်ပါတယ်။ ရုရှားရေနံအစား အိမ်နီးချင်း Croatia ဆီကနေ ယူနိုင်ဖို့ အီးယူက ရံပုံငွေ သန်း ၈၆၀ ထက်မနည်း ၄ နှစ်အတွက် ချထားပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။
Druzhba ပိုက်လိုင်းကနေ ရုရှားရေနံတွေ ရယူနေတဲ့ စလိုဗက်ကီးယားနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ တွေကတော့ ၂ နှစ်ခွဲလောက် ကင်းလွတ်ခွင့်နဲ့ လက်ခံထားတာ ဖြစ်ပါတယ်။ အီးယူအတွက် ရုရှားဆီက ရေနံတင်သွင်းမှု အားလုံးရဲ့ သုံးပုံ တပုံကို Druzhba ပိုက်လိုင်းကနေ ရရှိနေတာဖြစ်ပြီး ကျန်း သုံးပုံ ၂ ပုံက ရေကြောင်းကနေ ရယူနေတာ ဖြစ်ပါတယ်။