သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရေရှည်လုံခြုံရေး EU အကြီးအကဲအာမခံပြောဆို


ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrel
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrel

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrel ဟာ ယူကရိန်းမြို့တော် Kyiv မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးသစ် Rustem Umerov နဲ့ ပထမဆုံးအကြိမ် လူကိုယ််တိုင်တွေ့ဆုံခဲ့ရာမှာ ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအာမခံတယ်လို့ ကတိပြုသွားပါတယ်။

သူတို့နှစ်ဦးဟာ ယူကရိန်းကို EU စစ်ရေးအထောက်အပံ့တွေ ဆက်ပေးရေး ဆွေးနွေးခဲ့ကြပြီး ယူကရိန်းဟာ ပိုပြီး စွမ်းရည်ကောင်းတဲ့ အထောက်အပံ့တွေ အလျင်အမြန်လိုအပ်နေတယ်လို့ EU အကြီးအကဲ Borrel က X လူမှုကွန်ရက် စာမျက်နှာမှာ ရေးပါတယ်။ အခုလို ထောက်ပံ့ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး Umerov က ပြောဆိုသလို အခု အစည်းအဝေးဟာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အစပြုချက်တခုဖြစ်တယ်လို့လည်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက X လူမှုကွန်ယက်မှာ ရေးပါတယ်။

အီးယူရဲ့စစ်ရေးအထောက်အပံ့ကိစ္စ ဆွေးနွေးပြောဆိုရာမှာ လက်နက်ကြီးနဲ့ ခဲယမ်းမီးကျောက်၊ လေကြောင်းကာကွယ်ရေး၊ အီလစ်ထရောနစ်စစ်ဆင်ရေး၊ ရေရှည်ကူညီရေးအစီအစဉ်တွေ၊ သင်တန်းတွေ၊ ယူကရိန်းပြည်တွင်း ကာကွယ်ရေးထုတ်ကုန်ကိစ္စရပ်တွေကို အလေးပေးပြောခဲ့ကြတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ရေးပါတယ်။

ယူကရိန်းရေရှည်လုံခြုံရေး EU အကြီးအကဲအာမခံပြောဆို
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG