သုံးရလွယ်ကူစေသည့် Link များ
site logo
နောက်ဆုံးရသတင်း
ယူကရိန်း EU ဝင်ခွင့် လျှောက်လွှာတင်လိုက်ပြီ
EU ဥရောပသမဂ္ဂအလံ
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အီးယူ ဥရောပသမဂ္ဂထဲ ဝင်ဖို့အတွက် လျှောက်လွှာဖြည့်ပြီး Kyiv ကို ရောက်နေတဲ့ ယူကရိန်းဆိုင်ရာ အီးယူသံအမတ်ကြီး Matti Maasikas ကို တနင်္လာနေ့က ပေးအပ်လိုက်ပါတယ်။
(Zawgyi)
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အီးယူ ဥရောပသမဂ္ဂထဲ ဝင်ဖို့အတွက် လျှောက်လွှာဖြည့်ပြီး Kyiv ကို ရောက်နေတဲ့ ယူကရိန်းဆိုင်ရာ အီးယူသံအမတ်ကြီး Matti Maasikas ကို တနင်္လာနေ့က ပေးအပ်လိုက်ပါတယ်။
“ ဒါဟာ အီးယူဥရောပသမဂ္ဂမှာ ယူကရိန်း ပါဝင်နိုင်ဖို့ လုပ်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရည်မှန်းချက်အတိုင်း ဆက်ပြီး ဖြစ်မြောက်အောင် လုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ Zelenskyy က အီးယူကို တရားဝင်လျှောက်လွှာ တင်ရင်း ပြောသွားတာပါ။
ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒ ဆိုင်ရာအကြီးအကဲ Josep Borrell တို့ ပေးအပ်ခဲ့တဲ့ မေးခွန်းပေါင်း အတွဲ ၂ တွဲပါဝင်တဲ့ အီယူဝင်ခွင့် လျှောက်လွှာကို ဖြည့်ပြီး အီးယူသံအမတ်ကို ပေးအပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ အီးယူအဖွဲ့ဝင်အဖြစ် လက်ခံမယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတက ပြောပါတယ်။
(Unicode)
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အီးယူ ဥရောပသမဂ္ဂထဲ ဝင်ဖို့အတွက် လေ ျှာက်လွှာဖြည့်ပြီး Kyiv ကို ရောက်နေတဲ့ ယူကရိန်းဆိုင်ရာ အီးယူသံအမတ်ကြီး Matti Maasikas ကို တနင်္လာနေ့က ပေးအပ်လိုက်ပါတယ်။
“ ဒါဟာ အီးယူဥရောပသမဂ္ဂမှာ ယူကရိန်း ပါဝင်နိုင်ဖို့ လုပ်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရည်မှန်းချက်အတိုင်း ဆက်ပြီး ဖြစ်မြောက်အောင် လုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ Zelenskyy က အီးယူကို တရားဝင်လေ ျှာက်လွှာ တင်ရင်း ပြောသွားတာပါ။
ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ အီးယူနိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒ ဆိုင်ရာအကြီးအကဲ Josep Borrell တို့ ပေးအပ်ခဲ့တဲ့ မေးခွန်းပေါင်း အတွဲ ၂ တွဲပါဝင်တဲ့ အီယူဝင်ခွင့် လေ ျှာက်လွှာကို ဖြည့်ပြီး အီးယူသံအမတ်ကို ပေးအပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ အီးယူအဖွဲ့ဝင်အဖြစ် လက်ခံမယ်လို့ မေ ျှာ်လင့်ကြောင်းလည်း သမ္မတက ပြောပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ဧပြီလအစောပိုင်း ယူကရိန်းကို လာရောက်ချိန်မှာ လေ ျှာက်လွှာစာရွက်တွေ ကို သမ္မတ Zelenskyy ဆီ ပေးပို့ထားတာ ဖြစ်ပါတယ်။ ယူကရိန်းကို အီးယူအဖွဲ့ဝင် အဖြစ် လက်ခံသင့်မသင့် လာမယ့် သီတင်းပတ်တွေ အတွင်း ဆုံးဖြတ်ဖို့ရှိကြောင်းလည်း ဥရောပကော်မရှင် အကြီးအကဲက ပြောပါတယ်။
ယူကရိန်းနိုင်ငံ အီးယူထဲ ဝင်ရေးဟာ ရုရှားကို တမင်ရန်စတဲ့ ပြဿနာတခု ဖြစ်နေပြီး ရုရှားသမ္မတ Vladimir Putin က အီးယူထဲမဝင်ဖို့ ယူကရိန်းကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။
XS
SM
MD
LG