သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ၁.၇ ဘီလီယံဖိုး ကန်ထောက်ပံ့

အမေရိကန်က ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီတွေထဲမှာ ပါဝင်မယ့် Patriot ဒုံးပစ်စင်အမျိုးအစားတခုကို အိုကလာဟိုးမားပြည်နယ်၊ Lawton မြို့နားက Fort Sill စစ်စခန်းမျာ တွေ့ရစဥ်။ (မတ် ၂၁၊ ၂၀၂၃)
အမေရိကန်က ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီတွေထဲမှာ ပါဝင်မယ့် Patriot ဒုံးပစ်စင်အမျိုးအစားတခုကို အိုကလာဟိုးမားပြည်နယ်၊ Lawton မြို့နားက Fort Sill စစ်စခန်းမျာ တွေ့ရစဥ်။ (မတ် ၂၁၊ ၂၀၂၃)

အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁. ၇ ဘီလီယံ ကူညီသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာပါတယ်။ ဒီအထဲမှာ လေကြောင်းကာကွယ်ရေးစနစ်အတွက် ခဲယမ်းတွေ၊ အမြောက်လက်နက်ကြီး၊ တင့်ကားနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ပါဝင်မယ်လို့ သိရပါတယ်။

ယူကရိန်းလုံခြုံရေးထောက်ပံ့ရေးအစီအစဉ်ကနေ ရေရှည်အတွက် ဒေါ်လာ ၁.၅ သန်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တိုက်တွေကနေ အရေးပေါ်စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ ဖိုး ပါဝင်ပါတယ်။ ဝါရှင်တန် ဒီစီမှာ ကျင်းပခဲ့တဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ ထိပ်သီးအစည်းအဝေးအပြီး သီတင်းနှစ်ပတ်ကျော်အကြာမှာ အခုလို စစ်လက်နက်ထောက်ပံ့မှုတွေ ဖြစ်လာတာပါ။

ယူကရိန်းသမ္မတရဲ့ မေတ္တာရပ်ခံချက်အရ Patriot ဒုံးပစ်စင်တခု ပေးပို့သွားမယ်လို့ သမ္မတ Biden က NATO ထိပ်သီး အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။ ယူကရိန်းကို စစ်ရေးအကူအညီအခိုင်အမာပေးသွားဖို့ NATO အဖွဲ့ဝင်တွေက သဘောတူခဲ့ကြသလို ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်လာရေးကိုလည်း ပြင်ဆင်ဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။

အခု အမေရိကန်ကပေးပို့မယ့် စစ်ရေးအကူအညီတွေကိုတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်အရ အမေရိကန်ကာကွယ်ရေးဌာန လက်နက်တိုက်တွေကနေ တိုက်ရိုက်ပေးပို့သွားမှာဖြစ်ပါတယ်။ ပေးပို့မယ့် လေကြောင်းကာကွယ်ရေး လက်နက်တွေ ထဲမှာတော့ မြေပြင်က ဝေဟင် ဒုံးစနစ်နဲ့ HIMARS လို့ ခေါ်တဲ့ ပေါ့ပါးတဲ့ ရွေ့လျားဒုံးစနစ်လည်း ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားကျူးကျော်မှုဖြစ်ပြီးကတည်းကဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းကို လုံခြုံရေး အကူအညီပေးခဲ့တာ အခု ဒီတခေါက်နဲ့ဆိုရင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅.၄ ဘီလီယံရှိခဲ့ပါပြီ။

အခု နောက်ဆုံးစစ်ရေးအကူအညီထဲမှာတော့ တိုက်ခိုက်ရေးအတွက် အရေးကြီးတဲ့စွမ်းအားမြှင့်လက်နက်တွေပါဝင်တယ်လို့ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောခွင့်ရသူ John Kirby က ပြောခဲ့ပါတယ်။

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ၁.၇ ဘီလီယံဖိုး ကန်ထောက်ပံ့
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG