သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံထဲ ယူကရိန်းကျူးကျော်တိုက်ခိုက်မှု ရုရှားသမ္မတဝေဖန်


ရုရှားသမ္မတပူတင်က ထိပ်တန်းလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအရာရှိတွေနဲ့တွေ့ဆုံပြီး Kursk ဒေသကအခြေအနေကို ဆွေးနွေးကြစဥ်။ (သြဂုတ် ၁၂၊ ၂၀၂၄)
ရုရှားသမ္မတပူတင်က ထိပ်တန်းလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအရာရှိတွေနဲ့တွေ့ဆုံပြီး Kursk ဒေသကအခြေအနေကို ဆွေးနွေးကြစဥ်။ (သြဂုတ် ၁၂၊ ၂၀၂၄)

ရုရှားနိုင်ငံထဲက Kursk ဒေသထဲ ယူကရိန်းတို့ ကျူးကျော်ဝင်ရောက်တာဟာ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသထဲက ရုရှားတို့ရဲ့ထိုးစစ်ကို အာရုံလွှဲဖို့ ကြိုးပမ်းချက်သာဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က တနင်္လာနေ့မှာ ပြောပါတယ်။ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းတဲ့အခါ အနေအထားကောင်းတခုကိုရဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့လည်း ပူတင်ကပြောပါတယ်။

ရုရှားနိုင်ငံအနောက်တောင်ပိုင်း Kursk ဒေသထဲက ပြည်သူတွေနေ့စဥ်ဘဝ မတည်မငြိမ်ဖြစ်အောင် ယူကရိန်းက တိုက်ခိုက်တာဖြစ်နိုင်စရာရှိပေမယ့် မအောင်မြင်ပါဘူးလို့လည်း ပူတင်ကပြောပါတယ်။ ရုရှားစစ်တပ်ထဲ သူ့သဘောဆန္ဒအတိုင်း ဝင်လာသူတွေတိုးလာနေပြီး ရုရှားရဲ့စစ်ရေးရည်မှန်းချက်အတိုင်း ဖြစ်လာလိမ့်မယ်လို့ ထိပ်တန်းလုံခြုံရေးအရာရှိတွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ရုပ်မြင်သံကြားတွေ့ဆုံပွဲမှာ သမ္မတပူတင် က ပြောကြားသွားတာပါ။ ဒါဟာ ယူကရိန်းတပ်တွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတ ပူတင်ရဲ့ ပထမဆုံးမှတ်ချက်စကားလည်းဖြစ်ပါတယ်။​

ယူကရိန်းစစ်ဘက်အကြီးအကဲ Oleksandr Syrskyi ကလည်း Kursk ဒေသထဲကနယ်မြေ ၃၉၆ စတုရန်းမိုင် ပတ်လည်လောက်ကို ထိန်းချုပ်ထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ အခြေအနေတွေ အတော်တင်းမာနေတဲ့အတွက် Kursk ဒေသထဲကပြည်သူတွေ ဘေးလွှတ်ရာရှောင်တိမ်းကြဖို့ ရုရှားအရာရှိတွေက တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ သီတင်းတပတ်လောက်ရှိလာပြီဖြစ်တဲ့ ယူကရိန်းရဲ့ ရှောင်တခင်ထိုးစစ်ဆင်မှုအပေါ် ရုရှားတပ်တွေလက်ရှိချိန်ထိ ဖရိုဖရဲနဲ့ တုံ့ပြန်နေကြရပါတယ်။

ရုရှားနိုင်ငံထဲ ယူကရိန်းကျူးကျော်တိုက်ခိုက်မှု ရုရှားသမ္မတဝေဖန်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG