သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ရာထူးကနုတ်ထွက်


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

ယူကရိန်းအစိုးရအဖွဲ့ အပြောင်းအလဲလုပ်မယ့် ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က နုတ်ထွက်စာတင်လိုက်ပါတယ်။

Kuleba ရဲ့ နုတ်ထွက်စာကို ယူကရိန်း ပါလီမန်ဥက္ကဋ္ဌ Ruslan Stefanchuk က Facebook မှာ ဖော်ပြခဲ့တာပါ။ ဒုဝန်ကြီးချုပ်၊ တရားရေးဝန်ကြီးတို့ အပါအဝင် အစိုးရတာဝန်ရှိသူ အများအပြား နုတ်ထွက်စာ တင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး လစ်လပ်သွားတဲ့နေရာတွေအတွက် မနက်ဖြန်ကြာသပတေးနေ့မှာ အသစ်ခန့်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုနုတ်ထွက်လိုက်တဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၀ ပြည့်နှစ်က စတာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ စခဲ့တဲ့ ရုရှားရဲ့ကျူးကျော်မှုကို ကမ္ဘာကသိအောင် ကြိုးစားပေးခဲ့သူပါ။

ယူကရိန်းအတွက် အကူအညီတွေ ရရှိစေဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ တွေ့ဆုံခဲ့သလို အနောက်နိုင်ငံက တခြားအရာရှိတွေနဲ့လည်း ပုံမှန်တွေ့ဆုံနေသူလည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းအချို့ကို အားကောင်းလာစေဖို့ ရည်ရွယ်ပြီး အပြောင်းလဲတွေ လုပ်ဖို့ပြင်ဆင်ထားကြောင်း ညစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြော ခဲ့ပါတယ်။

သတင်းအချက်အလက်၊ ယဉ်ကျေးမှုနဲ့ သံတမန်ရေးရာ စတဲ့ နယ်ပယ်တွေမှာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ယူကရိန်းတို့ ကြား ဆက်ဆံရေးနယ်ပယ် အသစ်တခု တည်ဆောက်နိုင်ဖို့အတွက် အခုလို အပြောင်းအလဲတွေ လုပ်ရတာ ဖြစ်ကြောင်းနဲ့ အခုအချိန်ဟာ ယူကရိန်းအစိုးရ အဖွဲ့အစည်းတွေကို ခွန်အားသစ်တွေ ပေးရမယ့် အချိန်ဖြစ်တဲ့အတွက် ကူညီပေးမယ့်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ရာထူးကနုတ်ထွက်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG