သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကတိပြုထားတဲ့အတိုင်း ယူကရိန်းကို လက်နက်တွေပို့ပေးကြဖို့ EU ပန်ကြား

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba

ရုရှားကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းကို လက်နက်တွေပေးမယ်လို့ ကတိပေးထားတဲ့အတိုင်း ပို့ပေးကြဖို့ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေကို အီးယူ ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေက သောကြာနေ့ ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလည်း ယူကရိန်းတပ်တွေအနေနဲ့ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို ပစ်ခတ်ခွင့် တားမြစ်ထားတာကို ရုပ်သိမ်းပေးဖို့ ဗြိတိန်နဲ့ အမေရိကန်ကို ပန်ကြားခဲ့ပါတယ်။

နွေရာသီအားလပ်ရက် အပြီး ပထမဆုံးကျင်းပတဲ့ အီးယူ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်း အရေးကိုပဲ ဦးစားပေးဆွေးနွေးကြတာ ဖြစ်ပါတယ်။


အက်စ်တိုးနီးယား ကာကွယ်ရေးဝန်ကြီး Hanno Pevkur ကတော့ ယူကရိန်းက ရုရှားပိုင်နက် Kursk ဒေသထဲ ထိုးဖေါက် တိုက်ခိုက်နေတာဟာ လမ်းကြောင်းမှန်ဖြစ်ကြောင်း ဒါပေမယ့် ယူကရိန်းဟာ လက်တဖက်ထဲနဲ့ တိုက်နေရသလို ဖြစ်နေတဲ့အတွက် ပိုကောင်းတဲ့ လက်နက်စံနစ်တွေ လိုနေသေးတာကြောင့် ယူကရိန်းကို ပေးမယ်လို့ ကတိပေးထားတဲ့ လက်နက်တွေ ပို့ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

နယ်သာလန် ကာကွယ်ရေးဝန်ကြီး Ruben Brekelmans ကတော့ ယူကရိန်းကို Patriot မစ်ဇိုင်းတွေ ပေးမယ်လို့ သူကတိပေးထားတာ ပို့ပေးဖို့ နီးလာပြီဖြစ်ပေမယ့် ရုရှားဘက်ကို အသိပေးရာ မရောက်အောင် ရက်အတိအကျတော့ သူမပြောချင်ကြောင်း ပြောပါတယ်။

ရက်ပိုင်းအတွင်း တိုက်ပွဲတွေမှာ ရုရှားလေကြောင်းရန်ကို ခုခံရင်း ယူကရိန်းကို ပေးထားတဲ့ အမေရိကန်လုပ် F-16 ဂျက်တိုက်လေယာဉ် တစင်းပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး စစ်ပွဲတွေမှာ ကြုံရလေ့ရှိတာကြောင့် မထူးဆန်းကြောင်း ဆွီဒင် ကာကွယ်ရေးဝန်ကြီး Pal Jonson က ပြောပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးရဲ့ တောင်းဆိုမှုအတွက် အီးယူနိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကပါ ယူကရိန်းကို လက်နက် သုံးစွဲခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ အမေရိကန်နဲ့ ဗြိတိန်ကို ပန်ကြားခဲ့တာပါ။

ကတိပြုထားတဲ့အတိုင်း ယူကရိန်းကိုလက်နက်တွေပို့ပေးကြဖို့ EU ပန်ကြား
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG