သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃၃ နှစ်မြောက် ယူကရိန်းလွတ်လပ်ရေးနေ့ ပိုလန်နဲ့ လစ်သူရေးနီယား ခေါင်းဆောင်တွေ တက်ရောက်


၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်၊ ယူကရိန်းသမ္မတရုံးပြန်ကြားရေးက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာ (ဝဲ မှ ယာ) ပိုလန်သမ္မတ Andrzej Duda၊ ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့ကို ယူကရိန်းလွတ်လပ်ရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ မြင်ကွင်း။ Photo by SERGEI CHUZAVKOV / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)
၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်၊ ယူကရိန်းသမ္မတရုံးပြန်ကြားရေးက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာ (ဝဲ မှ ယာ) ပိုလန်သမ္မတ Andrzej Duda၊ ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့ကို ယူကရိန်းလွတ်လပ်ရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ မြင်ကွင်း။

ရုရှားရဲ့ ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံ လွတ်လပ်ရေး ၃၃ နှစ်ပြည့် အခမ်းအနားကို စနေနေ့ (သြဂုတ် ၂၄ ရက်) က ကိဗ် မြို့တော်မှာ ကျင်းပရာမှာ သမ္မတ Volodymyr Zelenskiy နဲ့ အတူ ပိုလန်သမ္မတ Andrzej Duda နဲ့ လစ်သူယေးနီးယား ဝန်ကြီးချုပ် Ingrida Simonyte တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဇယ်လန်းစကီးရဲ့ လွတ်လပ်ရေး အခမ်းအနား မိန့်ခွန်းထဲမှာ ရုရှားနိုင်ငံကို ယူကရိန်းစပြီး တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ ရုရှားကသာ ယူကရိန်း မြေပေါ်ကို ပျက်စီးဆုံးရှုံးမှုတွေ ယူဆောင်လာတာ ဖြစ်ပြီး ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါကို တန်ပြန်နိုင်ဖို့ ယူကရိန်း ပြည်သူတွေဟာ မဟာမိတ်နိုင်ငံတွေရဲ့ အကူအညီနဲ့အတူ နေ့စဉ်နဲ့ အမျှ ခိုင်ခိုင်မာမာ စည်းစည်းလုံးလုံးနဲ့ တွန်းလှန် တိုက်ခိုက်နေတယ်လို့ ဇယ်လန်းစကီးက ဆိုပြီး 'Palianytsia' လို့ အမည်ပေးထားတဲ့ အဝေးထိန်း တိုက်ခိုက်ရေး ဒရုန်း အမျိုးအစားသစ်ကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။

ဒီဒရုန်းဟာ ရန်လိုသူကို ပထမတန်းစား လက်တုံ့ပြန်နိုင်စွမ်းတဲ့ လက်နက်အမျိုးအစားသစ်ဖြစ်တယ်လို့ ကြုံးဝါးပြီး လက်ရှိနဲ့ ခေတ်အဆက်ဆက်က ယူကရိန်း လွတ်မြောက်ရေး တိုက်ပွဲခဲ့ကြတဲ့ ပြည်သူတွေကို ဂုဏ်ပြုကာ “ကြီးကျယ်မြင့်မြတ်တဲ့ ယူကရိန်း” လို့ ဇယ်လန်းစကီးက ပြောပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပိုလန်သမ္မတ ANDRZEJ DUDA ကလည်း “ယူကရိန်း လွတ်လပ်ရေးနေ့ဟာ ဥရောပအလယ်ပိုင်းတခုလုံးရဲ့ လွတ်လပ်ရေးနေ့လို့ အဓိပ္ပာယ်ရတယ်” လို့ ပြောပါတယ်။

လစ်သူယေးနီးယား ဝန်ကြီးချုပ် Simonyte ကလည်း ရုရှားကျူးကျော်မှုကို ဆန့်ကျင်နေတဲ့ ယူကရိန်းစစ်ပွဲ အတွက် နောက်ထပ်ပံ့ပိုးကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။ ယဉ်ကျေးတဲ့ ကမ္ဘာကြီးတခုလုံးက ယူကရိန်းနိုင်ငံသားတွေကို ကျေးဇူးတင်နေပြီး ယူကရိန်းဟာ လစ်သူယေးနီးယား၊ ဥရောပနဲ့ ဒီမိုကရက်တစ်ကမ္ဘာကြီး တခုလုံးကို ကာကွယ်ပေးနေတာဖြစ်တယ်လို့ Simonyte က ချီးကျူးပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG