သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း - ရုရှား အကျဉ်းသား ၂၀၆ ယောက် အလဲအလှယ်လုပ်


ယူကရိန်းစစ်သုန်ပန်းများ။ Ukrainian POWs
ယူကရိန်းစစ်သုန်ပန်းများ။ Ukrainian POWs

ရုရှားနဲ့ ယူကရိန်း တို့ဟာ စနေနေ့က အကျဉ်းသား ၂၀၆ ယောက်ကို အလဲအလှယ် လုပ်ခဲ့ကြ ပါတယ်။ ဒါဟာ UAE အာရပ်စော်ဘွားများပြည်ထောင်စု ရဲ့ ကြားဝင်ညှိနှိုင်းမှုနောက်ပိုင်း ၂ ရက်အတွင်း ဒုတိယအကြိမ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်း တို့ဟာ စနေနေ့က အကျဉ်းသား ၂၀၆ ယောက်ကို အလဲအလှယ် လုပ်ခဲ့ကြ ပါတယ်။ ဒါဟာ UAE အာရပ်စော်ဘွားများပြည်ထောင်စု ရဲ့ ကြားဝင်ညှိနှိုင်းမှုနောက်ပိုင်း ၂ ရက်အတွင်း ဒုတိယအကြိမ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က လဲလှယ်ခဲ့တဲ့ ယူကရိန်း အကျဉ်းသား ၁၀၃ ယောက် စလုံးဟာ စစ်ဘက်တာဝန်ထမ်းဆောင် နေသူတွေ ဖြစ်ပြီး တပ်သား ၈၂ ယောက်နဲ့ အရာရှိ၂၁ ယောက် ပါဝင်ကြောင်း ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းတွေ ရုရှားပိုင် Kursk ဒေသထဲ သြဂုတ်လ ဝင်ရောက်ကျူးကျော်ချိန် အဖမ်းခံခဲ့ရတဲ့ ရုရှားစစ်သား ၁၀၃ ယောက်နဲ့ လဲလှယ်တာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီအကျဉ်းသားလဲလှယ်မှုကို UAE က ကြားဝင်ညှိနှိုင်းပေး ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါဟာ ၂၀၂၄ မှာ စတင်တဲ့ ၈ ကြိမ်မြောက် ကြားဝင်ညှိနှိုင်းမှုဖြစ်ကြောင်း UAE အစိုးရသတင်းဌာန WAM က ပြောပါတယ်။

၂၀၂၂ ဖေဖေါ်ဝါရီ မှာ ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်ခဲ့ချိန်က စပြီး ၂ ဖက် အကျဉ်းသား လဲလှယ်မှုတွေ မကြာမကြာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခု စနေနေ့ လဲလှယ်မှုကတော့ သြဂုတ်လဆန်း ရုရှားပိုင်နက်ထဲ ယူကရိန်းတွေ ဝင်ရောက်ထိုးစစ်ဆင် တုန့်ပြန်ခဲ့ချိန်ကစပြီး တတိယမြောက် လဲလှယ်တာ ဖြစ်ပါတယ်။

ဒီထိုးစစ်ဆင်မှုကနေ ရုရှားတပ်သား ၆၀၀ ထက်မနည်း ဖမ်းမိထားပြီး ဒါဟာ ရုရှားတွေ ဖမ်းထားတဲ့ ယူကရိန်းတပ်သားတွေနဲ့ အလှယ်အလဲလုပ် ရာမှာအထောက်အကူရမယ်လို့ ယူကရိန်းအရာရှိတွေက ပြောထားတာပါ။ အခုချိန်အထိ အကျဉ်းသားလဲလှယ်မှု ၅၇ ကြိမ် လုပ်ခဲ့ရာမှာ ယူကရိန်း ၃၆၇၂ ယောက် ပြန်လည်ရောက်ရှိလာပြီလို့ ယူကရိန်း စုံစမ်းရေး အရာရှိ Dmytro Lubinets ကပြောပါတယ်။

Forum

XS
SM
MD
LG