သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဗြိတိန် ယူကရိန်းအတွက် တာဝေးပစ်ဒုံးဆိုင်ရာ မဆုံးဖြတ်သေး

အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ အိမ်ဖြူတော်မှာ ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးစဉ် (Photo by SAUL LOEB / AFP)
အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ အိမ်ဖြူတော်မှာ ယူကရိန်းအရေး တွေ့ဆုံဆွေးနွေးစဉ် (Photo by SAUL LOEB / AFP)

အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းဘက်က ဆက်လက်ရပ်တည်မယ်လို့ ကတိပြုခဲ့ကြပေမဲ့ ယူကရိန်း မျှော်လင့်နေသလို ထုတ်ပြန်ကြေညာြခင်းတော့ မရှိခဲ့ပါဘူး။

ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ အနောက်နိုင်ငံလုပ် လက်နက်တွေ သုံးခွင့်ပြုဖို့ ယူကရိန်းက တောင်းဆိုထားတာဖြစ်ပေမဲ့ ခွင့်ပြုမယ်ဆိုတာမျိုး တစုံတရာပြောခြင်း မရှိပါဘူး။ ယူကရိန်းစစ်ပွဲ မဟာဗျူဟာနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဆွေးနွေးခဲ့ပေမဲ့ ဆုံးဖြတ်ချက် တစုံတရာ ချခဲ့ခြင်း မရှိဘူးလို့ ဝန်ကြီးချုပ် Keir Starmer က သမ္မတ Biden နဲ့ဆွေးနွေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂ နိုင်ငံအကျိုးစီးပွားနဲ့ဆိုင်တဲ့ နိုင်ငံခြားရေးမူဝါဒပိုင်း တော်တော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ယူကရိန်းကို နောက်ထပ် ဘယ်လိုကူညီမလဲဆိုတဲ့ ကိစ္စတွေကို အထူးသဖြင့် အနောက်နိုင်ငံလုပ် မစ်ဇိုင်းဒုံးတွေကို ရုရှားပစ်မှတ်တွေကို တိုက်ရာမှာ အသုံးပြုခွင့် ပေးရေးမပေးရေးကို ခေါင်းဆောင် ၂ ဦး သောကြာနေ့က အဓိက အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ Reuters သတင်းက ရေးပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်လေတပ် ပူးပေါင်ထုတ်လုပ်ထားတဲ့ Storm Shadow တာဝေးပစ်ဒုံး လက်နက်တွေထဲမှာ အမေရိကန်လုပ်ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် အဲဒီ မစ်ဇိုင်းဒုံးတွေ ရုရှားကို တိုက်ခိုက်ရာမှာ သုံးနိုင်ဖို့ သမ္မတ Biden ရဲ့ ခွင့်ပြုချက်ရဖို့ လိုပါတယ်။ ရုရှားနိုင်ငံထဲအထိဝင်ပြီး ယူကရိန်း တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ အနောက်နိုင်ငံလုပ် တာဝေးပစ်လက်နက်တွေကို သုံးတယ်ဆိုရင် ရုရှားနဲ့ အမေရိကန်၊ EU ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ တိုက်ရိုက်စစ်ဖြစ်တယ်လို့ မှတ်ယူတာဖြစ်ပြီး လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ Vladimir Putin က ခြိမ်းခြောက်ထားပါတယ်။
တချိန်ထဲမှာပဲ ရုရှားနိုင်ငံထဲ ဝင်ရောက်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းတပ်တွေအတွက် ထောက်ပို့ရေးပိုင်း အရေးပါတဲ့ ရွာတရွာကို ရုရှားတပ်တွေ ပြန်လည် သိမ်းယူခဲ့တယ်လို့ ရုရှားဘက်က ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

သီးခြားသတင်းကတော့ အာရပ်စောဘွားများ ပြည်ထောင်စုရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ယူကရိန်းစစ်သုံ့ပန်း ၁၀၃ ယောက်နဲ့ ရုရှားစစ်သုံ့ပန်း ၁၀၃ ယောက် လဲလှယ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က ကြေညာခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG