သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု အန္တရာယ် ကန်နဲ့ ဗြိတိန်သတိပေး


Britain's MI6 chief Moore and CIA Director Burns are interviewed at FT Weekend festival in London
Britain's MI6 chief Moore and CIA Director Burns are interviewed at FT Weekend festival in London

ကမ္ဘာကြီးမှာ စစ်အေးစစ်ကာလနောက်ပိုင်း ဘယ်တုန်းကမှနဲ့ မတူတဲ့ အန္တရာယ်ကြုံနေရတယ်လို့ အမေရိကန်နဲ့ ဗြိတိန် ထောက်လှမ်းရေးအကြီးရေး အကြီးအကဲ ၂ ယောက်က သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ရုရှား၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက မကြုံစဖူး ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံ လက်တွဲဆောင်ရွက်မှု သိပ်ကိုအရေးကြီးတယ်လို့ CIA ညွှန်ကြားရေးမှူး William Burns နဲ့ MI6 အကြီးအကဲ Richard Moore တို့က Financial Times သတင်းစာမှာ အတူတွဲဆောင်းပါးရေးသား ဖော်ပြခဲ့ကြပါတယ်။

၂ နိုင်ငံလုံးအတွက် ပိုစိတ်ချယုံကြည်ရတဲ့ မဟာမိတ်နိုင်ငံတွေလည်း မရှိနိုင်တော့ဘူးလို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ ဥရောပတခွင် အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်နေတဲ့ ရုရှားထောက်လှမ်းရေးလုပ်ငန်းတွေကို ၂ နိုင်ငံ အတူတွဲပြီး တန်ပြန်နေတယ်လို့ ထောက်လှမ်းရေးအကြီးအကဲ ၂ ယောက်ကပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းအတွက် အကူအညီ ပိုပေးဖို့ လိုအပ်လာပြီလို့လည်း ပြောကြားခဲ့ကြပါတယ်။

ယူကရိန်းအရေးအပြင်၊ ကမ္ဘာ့တည်ငြိမ်ရေး တခြားစိန်ခေါ်ချက်တွေအတွက်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

တချိန်ထဲမှာ အီတလီဝန်ကြီးချုပ် Giorgia Meloni ကလည်း ယူကရိန်းကို ကူညီဖို့ ဘယ်တော့မှ ဝေဝါးနေမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy နဲ့ ဒီနေ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ အီတလီမှာကျင်းပတဲ့ စီးပွားရေးဖိုရမ်ဆွေးနွေးပွဲမှာ ခေါင်းဆောင် ၂ ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ယူကရိန်းကို ကူညီတာဟာ အီတလီရဲ့ အကြီးမားဆုံးအကျိုးစီးပွားဖြစ်ကြောင်းနဲ့ ယူကရိန်းစစ်ပွဲရပ်အောင် တရုတ်နဲ့ အိန္ဒိယတို့လည်း ပါဝင် တွန်းအားပေးနိုင်တဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ အီတလီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ စီးပွားရေးဖိုရမ်မှာ ဥရောပခေါင်းဆောင်တွေနဲ့ သီးခြားစီတွေ့ဆုံနေတဲ့ ယူကရိန်းသမ္မတက စစ်ရေးအကူအညီ ပိုပေးဖို့ တောင်းဆိုနေပါတယ်။

Forum

XS
SM
MD
LG