သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း စွမ်းအင်ရံပုံငွေထောက်ပံ့ဖို့ ဒေါ်လာ သန်း ၁၈၀ EU ကတိပြု​​​​​​​


အီးယူကော်မရှင်နာမင်းကြီး Ursula von der Leyen (ယာ) နဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီညွှန်ချုပ် (IEA) Fatih Birol တို့ ယူကရိန်းစွမ်းအင်လုံခြုံရေးညီလာခံမှာ ယူကရိန်းစွမ်းအင်အတွက် ထောက်ပံ့ပေးဖို့ ပြောကြစဥ်။ (စက်တင်ဘာ ၁၉၊ ၂၀၂၄)
အီးယူကော်မရှင်နာမင်းကြီး Ursula von der Leyen (ယာ) နဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီညွှန်ချုပ် (IEA) Fatih Birol တို့ ယူကရိန်းစွမ်းအင်လုံခြုံရေးညီလာခံမှာ ယူကရိန်းစွမ်းအင်အတွက် ထောက်ပံ့ပေးဖို့ ပြောကြစဥ်။ (စက်တင်ဘာ ၁၉၊ ၂၀၂၄)

ယူကရိန်းကို စွမ်းအင်ဆိုင်ရာ ရံပုံငွေ ဒေါ်လာ သန်း ၁၈၀ ပေးမှာဖြစ်ကြောင်း အီးယူ- ဥရောပသမဂ္ဂကကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဒီအထဲက ဒေါ်လာ ၁၁၁ သန်းဟာ ရုရှားဆီကနေ ထိန်းချုပ်ထားတဲ့ငွေတွေဖြစ်ကြောင်း ဒါဟာ ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ရုရှားတိုက်ခိုက်တာခံရတဲ့အတွက် ဆောင်းမဝင်ခင်မှာ ပြင်းထန်တဲ့အအေးဒဏ်ရင်ဆိုင်နိုင်ဖို့ ပေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီရံပုံငွေထဲက ဒေါ်လာ ၆၇ သန်းကို ဒုက္ခသည်တွေနားခိုဖို့ နေရာတွေ၊ အပူပေးစက်တွေနဲ့ လူသားစာနာမှုအကူညီတွေအတွက် ချထားပေးမှာ ဖြစ်သလို ကျန်ငွေကိုတော့ ပျက်စီးသွားတဲ့ ဓါတ်အားပေးလိုင်းတွေပြန်ပြင်ဖို့နဲ့ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဖြစ်ကြောင်း ဥရောပကော်မရှင်အကြီးအကဲ Ursula Von der Leyen က ဘရပ်ဆဲလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားဆီကထိန်းချုပ်ထားတဲ့ငွေကြေးကို သုံးစွဲတာနဲ့ပတ်သက်ပြီး ရုရှားတွေ ဖျက်ဆီးခဲ့တာအတွက် ရုရှားကပြန်ပေးမှပဲတရားမျှတမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အီးယူက ယူကရိန်း စွမ်းအင်ကဏ္ဍအတွက် ဆက်လက်ပေးအပ်နေမှာဖြစ်ကြောင်းနဲ့ စွမ်းအင်ဆိုင်ရာ အခြေအနေကို ဆွေးနွေးဖို့လည်း သောကြာနေ့မှာ Kyiv ကို သွားရောက်ဖို့ရှိကြောင်းလည်း ပြောပါတယ်။

၂၀၂၂ ကတည်းက ရုရှားကျူးကျော်တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းမှာ လာမယ့်ဆောင်းရာသသီအတွက် လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ အခက်ခဲတွေ ရင်ဆိုင်ရဖို့ ရှိကြောင်း IEA စွမ်းအင်ဌာနရဲ့ အစီရင်ခံစာထွက်လာခဲ့ပြီးတဲ့နောက်မှာအခုလို ယူကရိန်းစွမ်းအင်ဆိုင်ရာ အကူညီပေးဖို့ လုပ်လာတာ ဖြစ်ပါတယ်။

ယူကရိန်း စွမ်းအင်ရံပုံငွေထောက်ပံ့ဖို့ ဒေါ်လာ သန်း ၁၈၀ EU ကတိပြု
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG