သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း စြမ္းအင္လိုအပ္ခ်က္ေတြ ျဖည့္ဆည္းဖို႔ ေနတိုးအဖဲြ႕ ကတိျပဳ


မီးပ်က္ေနတဲ့ Kyiv ၿမိဳ႔တေနရာ၊ ႏုိ၀င္ဘာ ၄၊ ၂၀၂၂

ရုရွားစစ္တပ္က အႀကီးအက်ယ္ ဗုံးခြဲတုိက္ခိုက္မႈေၾကာင့္ ထိခိုက္ပ်က္စီးသြားတဲ့ ယူကရိန္း စြမ္းအင္စက္ရုံေတြ ျပန္လည္ျပဳျပင္ေရး ၀ိုင္းကူမယ္လို႔ ေျမာက္အႏၱလန္တိန္စာခ်ဳပ္အဖြဲ႔ (NATO) အႀကီးအကဲကေျပာပါတယ္။

"ယူကရိန္းျပည္သူေတြ ေဆာင္းတြင္းအေမွာင္ထုႀကီး ထဲမွာေနရေအာင္ ရုရွားက ဒုံးက်ည္ေတြ၊ ဒရုန္းယာဥ္ေတြနဲ႔ရက္ရက္စက္စက္ တုိက္ခို္က္ေနပါတယ္။ ယူကရိန္းျပည္သူေတြ အေအးဒဏ္ခံမလား၊ ေျပးမလားဆိုၿပီး သမၼတ ပူတင္က ေဆာင္းရာသီကို လက္နက္တခုလို အသုံးခ်ေနပါတယ္" လို႔ Jean Stolenberg ကေနတိုးႏုိင္ငံျခားေရး၀န္ႀကီးေတြနဲ႔ေတြ႔ဆုံအၿပီးေနာက္တရက္ျဖစ္တဲ့ ႏုိ၀င္ဘာ ၂၉ ရက္အဂၤါေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ေနတိုးအဖြဲ႔၀င္ႏုိင္ငံျခားေရး၀န္ႀကီးေတြကလည္း ယူကရိန္းအတြက္ ႏုိင္ငံေရးအရေရာ လက္ေတြ႔က်တဲ့ အျခားအေထာက္အကူေတြကိုပါ လိုအပ္သလို ဆက္လက္ပံ႔ပိုးေပးသြားဖို႔ ကတိျပဳၾကပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာလကစၿပီး ယူကရိန္းႏုိင္ငံထဲက ဓာတ္အားေပးစက္႐ုံေတြနဲ႔ အပူေပးစက္ရုံေတြကို ရုရွားကပစ္မွတ္ထားၿပီး မစ္ဇုိင္းဒုံးေတြနဲ႔ အႀကီးအက်ယ္တုိက္ခိုက္လာတာျဖစ္ပါတယ္။


ယူကရိန္းအစိုးရနဲ ႔မဟာမိတ္ေတြကေတာ့ ရုရွားရဲ ႔ဒီလုပ္ရပ္ဟာ ျပည္သူေတြထိခိုက္ေအာင္ တမင္ရည္ရြယ္တုိက္ခိုက္ေနတဲ့ စစ္ရာဇ၀တ္မႈျဖစ္တယ္လို႔ ေျပာဆိုၾကပါတယ္။ ယူကရိန္းက အေဆာက္အအုံေတြကိုတုိက္ခိုက္ေၾကာင္း ရုရွားတို႔က ၀န္ခံေျပာဆိုေပမယ့္ အရပ္သားေတြကို တမင္ပစ္မွတ္ထား တုိက္ခိုက္တာမဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။ ယူကရိန္းကလည္း ရုရွားရဲ ႔တုိက္ခိုက္မႈဒဏ္က သက္သာရာ ရေစဖို႔ မဟာမိတ္အေနာက္ႏုိင္ငံေတြဖက္က ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ပံ႔ပိုးကူညီေပးဖို႔ တုိက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ရုရှားစစ်တပ်က အကြီးအကျယ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ယူကရိန်း စွမ်းအင်စက်ရုံတွေ ပြန်လည်ပြုပြင်ရေး ဝိုင်းကူမယ်လို့ မြောက်အန္တလန်တိန်စာချုပ်အဖွဲ့ (NATO) အကြီးအကဲကပြောပါတယ်။

"ယူကရိန်းပြည်သူတွေ ဆောင်းတွင်းအမှောင်ထုကြီး ထဲမှာနေရအောင် ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ရက်ရက်စက်စက် တိုက်ခိုက်နေပါတယ်။ ယူကရိန်းပြည်သူတွေ အအေးဒဏ်ခံမလား၊ ပြေးမလားဆိုပြီး သမ္မတ ပူတင်က ဆောင်းရာသီကို လက်နက်တခုလို အသုံးချနေပါတယ်" လို့ Jean Stolenberg ကနေတိုးနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံအပြီးနောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

နေတိုးအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ယူကရိန်းအတွက် နိုင်ငံရေးအရရော လက်တွေ့ကျတဲ့ အခြားအထောက်အကူတွေကိုပါ လိုအပ်သလို ဆက်လက်ပံ့ပိုးပေးသွားဖို့ ကတိပြုကြပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ယူကရိန်းနိုင်ငံထဲက ဓာတ်အားပေးစက်ရုံတွေနဲ့ အပူပေးစက်ရုံတွေကို ရုရှားကပစ်မှတ်ထားပြီး မစ်ဇိုင်းဒုံးတွေနဲ့ အကြီးအကျယ်တိုက်ခိုက်လာတာဖြစ်ပါတယ်။
ယူကရိန်းအစိုးရနဲ့မဟာမိတ်တွေကတော့ ရုရှားရဲ့ဒီလုပ်ရပ်ဟာ ပြည်သူတွေထိခိုက်အောင် တမင်ရည်ရွယ်တိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ယူကရိန်းက အဆောက်အအုံတွေကိုတိုက်ခိုက်ကြောင်း ရုရှားတို့က ဝန်ခံပြောဆိုပေမယ့် အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ယူကရိန်းကလည်း ရုရှားရဲ့တိုက်ခိုက်မှုဒဏ်က သက်သာရာ ရစေဖို့ မဟာမိတ်အနောက်နိုင်ငံတွေဖက်က လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းနေပါတယ်။

XS
SM
MD
LG