သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးသွားတဲ့ဆီးရီးယားသမ္မတ ရုရှားနိုင်ငံခိုလှုံရောက်ရှိ


အစိုးရရုံးတခုက ကျည်ဆံရာတွေနဲ့ ဆီးရီးယားသမ္မတဟောင်း Bashar Assad ရဲ့ ရုပ်ပုံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၄
အစိုးရရုံးတခုက ကျည်ဆံရာတွေနဲ့ ဆီးရီးယားသမ္မတဟောင်း Bashar Assad ရဲ့ ရုပ်ပုံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၄

ထွက်ပြေးသွားတဲ့ ဆီးရီးယား သမ္မတ Bashar al-Assad နဲ့ သူ့မိသားစုဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရောက်ရှိလာတယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။ ဆီးရီးယားအာဏာရှင်ဟောင်း Assad မိသားစုကို ရုရှားက ခုံလှုံခွင့်ပေးလိုက်တယ်လို့လည်း ဖော်ပြပါတယ်။

ရုရှားနိုင်ငံဟာ ဆီးရီးယားအာဏာရှင်ဟောင်း Assad ရဲ့ နီးကပ်တဲ့မဟာမိတ်ဖြစ်သလို၊ Assad အစိုးရကို နိုင်ငံရေးရော စစ်ရေးအရပါ ကူညီပေးခဲ့ပါတယ်။ ဆီးရီယားနိုင်ငံမှာ Assad မိသားစုရဲ့ နှစ် ၅၀ ကြာ အုပ်စိုးမှု အဆုံးသတ်သွားတဲ့အထိမ်းအမှတ် မြို့တော်လမ်းတွေပေါ် လူတွေ ထွက်လာပြီး၊ လေထဲ သေနတ်တွေ ပစ်ဖောက် အောင်ပွဲခံကြပါတယ်။

မြို့တော်ရဲ့ လမ်းတွေပေါ် ပျော်ရွှင်အောင်ပွဲခံနေကြတဲ့ လူအုပ်ကြီးဟာ ကြယ်သုံးပွင့်ပါ ဆီးရီးယား တော်လှန်ရေးအလံကို ဝှေ့ရမ်းနေကြတာဟာ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အာရပ်နွေဦးလှုပ်ရှားမှု အစောပိုင်းကာလတွေကို ပြန်အမှတ်ရစေပါတယ်။ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အာရပ်နွေဦးလူထုလှုပ်ရှားမှုကို Assad အစိုးရက နှိမ်နင်းခဲ့တဲ့နောက်၊ လက်နက်ကိုင်ပုန်ကန်မှုတွေ ဖြစ်လာပြီး ဆီးရီးယားမှာ ပြည်တွင်းစစ် ၁၄ နှစ် နီးပါး ရှည်ကြာခဲ့ပါတယ်။

သူပုန်တပ်တွေဟာ ဆီးရီးယားနိုင်ငံတွင်းက အကျဉ်းထောင်တွေကို ဖွင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ HTS လို့ အတိုခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်တွေဟာ ဆီးရီးယားက အကြီးဆုံးမြို့ Aleppo ကို သိမ်းယူပြီးနောက်၊ အချိန်တိုအတွင်း မြို့တော်ကိုပါ ရောက်ရှိလာပြီး ဆီးရီယားသမ္မတ Assad မိသားစု ထွက်ပြေးရတဲ့ အခြေအနေဆိုက်ခဲ့ပါတယ်။ HTS အဖွဲ့ကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

ထွက်ပြေးသွားတဲ့ဆီးရီးယားသမ္မတ ရုရှားနိုင်ငံခိုလှုံရောက်ရှိ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG