သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ လေကြောင်းရန် ကာကွယ်ရေး အကူအညီတောင်းခံ


ယူကရိန်းနိုင်ငံ၊ Toretsk မြို့မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတခုကို တွေ့မြင်နေရပုံ (ဓါတ်ပုံ- ရိုက်တာ)
ယူကရိန်းနိုင်ငံ၊ Toretsk မြို့မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတခုကို တွေ့မြင်နေရပုံ (ဓါတ်ပုံ- ရိုက်တာ)

ရုရှားတပ်ဖွဲ့တွေကို အရှိန်မြင့် ခုခံတွန်းလှန်နိုင်ရေး အကူအညီတွေ ထပ်မံတောင်းခံဖို့ ယူရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ နေတိုးအဖွဲ့အကြီးအကဲ Mark Rutte နဲ့ တခြား ဥရောပခေါင်းဆောင်တွေနဲ့ Brussels မြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။

ယူကရိန်းအနေနဲ့ အရေးပေါ် စစ်ရေးအကူအညီတွေ လိုအပ်နေကြောင်း၊ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးစံနစ် လိုအပ်နေကြောင်း မနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သမ္မတ Zelenskyy က ပြောပါတယ်။

ရုရှားတို့က စစ်ပွဲကို အဝေးကနေ ဆင်နွဲနေနိုင်တဲ့စွမ်းအားကို အတတ်နိုင်ဆုံး ဖြိုဖျက်ပစ်ရမှာဖြစ်ကြောင်း၊ အဲဒီအတွက် ယူကရိန်းအနေနဲ့ ဒရုန်းတွေ၊ ခေတ်မှီ အမြှောက်တွေ၊ တာဝေးပစ် ဒုံးကျည်တွေ လိုအပ်ကြောင်း သမ္မတ Zelenskyy က ပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တက်လာမယ့် သမ္မတ Donald Trump အစိုးရသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲအပေါ် ဘယ်လောက်အထိ ဆက်လက် ကူညီပေးမလဲဆိုတာ မသေချာမှုတွေ ရှိနေချိန် သမ္မတ Trump တက်လာဖို့ တလအလိုမှာ သမ္မတ Zelenskyy က ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

သမ္မတ Zelenskyy ဥရောပခေါင်းဆောင်တွေနဲ့ မတွေ့ခင် ညပိုင်းမှာဘဲ ရုရှား ယူကရိန်းကို လေကြောင်းကတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ လေကြောင်းရန် ကာကွယ်ရေး အကူအညီတောင်းခံ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG