ကမၻာေပၚက ဆင္းရတဲ့ႏိုင္ငံေတြအေပၚ ခ်မ္းသာတဲ့ ႏိုင္ငံေတြရဲ႕ ျပဳမႈဆက္ဆံပုံေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ခ်မ္းသာတဲ့ႏိုင္ငံေတြနဲ႔ စြမ္းအင္ႂကြယ္ဝတဲ့ ႏိုင္ငံေတြဟာ ဆင္းရဲတဲ့ႏိုင္ငံအေပၚမွာ အတိုးႏႈန္းေတြနဲ႔ ေလာင္စာဆီေစ်းႏႈန္းေတြ တိုးျမႇင့္ၿပီးေတာ့ အၾကပ္႐ိုက္ေစတယ္လို႔ အတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢရဲ႕ ကမၻာေပၚက ဖြံၿဖိဳးတိုးတက္မႈအနိမ့္ဆုံးႏိုင္ငံမ်ားညီလာခံမွာ ေဝဖန္လိုက္ပါတယ္။
“က်ေနာ္တို႔ ထပ္ၿပီးေတာ့ အခ်ိန္ဆြဲေနလို႔ မရေတာ့ပါဘူး။ ဖြံ႔ၿဖိဳးတိုးတက္မႈ အနိမ့္ဆုံးႏိုင္ငံေတြဟာ ေဘးဒုကၡျပႆနာ အက်ပ္အတည္းေတြ၊ မေရရာမႈေတြ၊ ရာသီဥတုေဖာက္ျပန္မႈေတြ နဲ႔ ကမၻာလုံးဆိုင္ရာအႀကီးအက်ယ္ မညီမွ်မႈေတြ တိုးလာေနတဲ့ၾကားမွာပဲ ပိတ္မိေနပါတယ္” လို႔ အတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ေျပာသြားတာျဖစ္ပါတယ္။ ဒါ့အျပင္ ခ်မ္းသာတဲ့ႏိုင္ငံေတြအေနနဲ႔ ဒီလိုဆင္းရဲမႈသံသရာထဲမွာ ပိတ္မိေနတဲ့ႏိုင္ငံေတြကို တႏွစ္ကို ေဒၚလာဘီလ်ံ ၅၀၀ ေလာက္ ပံ့ပိုးသင့္တယ္လို႔ သူက ဆက္ေျပာပါတယ္။
LDC ႏိုင္ငံေတြကေတာ့ သူတို႔ေတြအေနနဲ႔ ကိုဗစ္ကာကြယ္ေဆးေတြကိုလည္း ရသင့္သေလာက္မရဘဲ၊ ကာကြယ္ေဆးအမ်ားစုဟာ ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္ကပဲ အဓိကရ႐ွိခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ကမၻာေပၚမွာ ဖြံ႕ၿဖိဳးတိုးတက္မႈအနိမ့္ဆုံးႏိုင္ငံ ၄၆ ႏိုင္ငံ႐ွိတဲ့အထဲက ႏိုင္ငံ ၄၀ ေက်ာ္က ေခါင္းေဆာင္ေတြ နဲ႔ ကိုယ္စားလွယ္ေတြ ဒီညီလာခံကို တက္ေရာက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ LDC ႏိုင္ငံထဲမွာပါတဲ့ ျမန္မာနဲ႔ အာဖဂန္နစၥတန္ႏိုင္ငံေတြက ေခါင္းေဆာင္ေတြကေတာ့ ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက အသိအမွတ္မျပဳတဲ့အတြက္ မတက္ေရာက္ခဲ့သလို၊ စီးပြားေရးအင္အာႀကီးႏိုင္ငံေတြက ေခါင္းေဆာင္ေတြလည္း တက္ေရာက္တာ မ႐ွိခဲ့ပါဘူး။
==== Unicode =====
ကမ္ဘာပေါ်က ဆင်းရတဲ့နိုင်ငံတွေအပေါ် ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ပြုမှုဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေနဲ့ စွမ်းအင်ကြွယ်ဝတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံအပေါ်မှာ အတိုးနှုန်းတွေနဲ့ လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်ပြီးတော့ အကြပ်ရိုက်စေတယ်လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာပေါ်က ဖွံဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများညီလာခံမှာ ဝေဖန်လိုက်ပါတယ်။
“ကျနော်တို့ ထပ်ပြီးတော့ အချိန်ဆွဲနေလို့ မရတော့ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံတွေဟာ ဘေးဒုက္ခပြဿနာ အကျပ်အတည်းတွေ၊ မရေရာမှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ နဲ့ ကမ္ဘာလုံးဆိုင်ရာအကြီးအကျယ် မညီမျှမှုတွေ တိုးလာနေတဲ့ကြားမှာပဲ ပိတ်မိနေပါတယ်” လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ဒီလိုဆင်းရဲမှုသံသရာထဲမှာ ပိတ်မိနေတဲ့နိုင်ငံတွေကို တနှစ်ကို ဒေါ်လာဘီလျံ ၅၀၀ လောက် ပံ့ပိုးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
LDC နိုင်ငံတွေကတော့ သူတို့တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း ရသင့်သလောက်မရဘဲ၊ ကာကွယ်ဆေးအများစုဟာ ဥရောပနဲ့ မြောက်အမေရိကတိုက်ကပဲ အဓိကရရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ ၄၆ နိုင်ငံရှိတဲ့အထဲက နိုင်ငံ ၄၀ ကျော်က ခေါင်းဆောင်တွေ နဲ့ ကိုယ်စားလှယ်တွေ ဒီညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ LDC နိုင်ငံထဲမှာပါတဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုတဲ့အတွက် မတက်ရောက်ခဲ့သလို၊ စီးပွားရေးအင်အာကြီးနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်တာ မရှိခဲ့ပါဘူး။