သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cluster ဗုံးအန္တရာယ် လာအိုနဲ့ ကမ္ဘောဒီးယား သတိပေး


FILE - A Ukrainian military serviceman holds a defused cluster bomb
FILE - A Ukrainian military serviceman holds a defused cluster bomb

အမေရိကန်ပြည်ထောင်စုကနေ ယူကရိန်းကို ကလော်စတာဆင့်ကွဲဗုံး Cluster bomb လက်နက်တွေပေးပြီးနောက်၊ ဒီဗုံးတွေရဲ့အန္တရယ်ဟာ အသုံးပြုပြီးနှစ်ပေါင်းများစွာအထိရှိနေနိုင်တဲ့အတွက်အသုံးမပြုသင့်ဘူးလို့လာအိုနဲ့ ကမ္ဘောဒီး ယားနိုင်ငံတွေကသတိပေးပြောဆိုခဲ့ပါတယ်။

Cluster ဗုံးအန္တရာယ် လာအိုနဲ့ ကမ္ဘောဒီးယား သတိပေး

အမေရိကန်ပြည်ထောင်စုကနေ ယူကရိန်းကို ကလာစတာ ဆင့်ကွဲဗုံး Cluster bomb လက်နက်တွေပေးပြီးနောက်၊ ဒီဗုံးတွေရဲ့အန္တရယ်ဟာ အသုံးပြုပြီး နှစ်ပေါင်းများစွာအထိ ရှိနေနိုင်တဲ့အတွက် အသုံးမပြုသင့်ဘူးလို့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက သတိပေးပြောဆိုခဲ့ပါတယ်။

ရုရှားဘက်ကလည်း ယူကရိန်းစစ်ပွဲ စတင်ကတည်းက Cluster bomb တွေ အသုံးပြုတဲ့အထောက်အထားတွေ ရှိခဲ့ပါတယ်။ ဒီဗုံးအမျိုးအစားဟာ လက်ပစ်ဗုံးလို အသေးစားဗုံး အလုံးပေါင်းများစွာထည့်ထားတဲ့ ဗုံးအမျိုးအစားဖြစ်ပါတယ်။ လေယဉ်ပေါ်ကနေ ကြဲချနိုင်ပြီး၊ မြေပြင်ပေါ်မကျခင် သယ်ဆောင်လာတဲ့ ဗုံးအကြီးပေါက်ကွဲပြီး၊ အထဲမှာပါတဲ့ ဗုံးလေးတွေက မြေပြင်ပေါ်ကျပြီး နေရာအနှံ့မှာပေါက်ကွဲတာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့ဗုံးလေးတွေဟာ မပေါက်ကွဲဘဲ နှစ်ပေါင်းများစွာအထိ အန္တရယ်ရှိနေတာဖြစ်ပါတယ်။ ရှာဖွေရှင်းလင်းဖို့လည်း ခက်ခဲပါတယ်။ ကလေးတွေ ဆော့ကစားတဲ့အခါ၊ လယ်သမားတွေ လယ်ထွန်တဲ့အခါပေါက်ကွဲပြီး ဒဏ်ရာရ သေဆုံးမှုတွေ ရှိနိုင်ပါတယ်။

၁၉၆၄ ခုနှစ်ကနေ ၁၉၇၃ နှစ်အထိဖြစ်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအတွင်း လာအိုနိုင်ငံကို အမေရိကန်က ဗုံးအမြောက်အများ ကြဲချခဲ့ပါတယ်။ လူဦးရေအချိုးအစားအရကြည့်ရင် လာအိုဟာ ကမ္ဘာပေါ်မှာ ဗုံးအများဆုံး ကြဲအချခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် လာအိုကို အမေရိကန်က Cluster bomb အလုံးငယ်ပေါင်း သန်း ၂၅၀ ကျော်လောက် ကြဲချခဲ့ပါတယ်။ အဲဒီအထဲက ၃၀ ရာနှုန်းလောက်ဟာ မပေါက်ကွဲပဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကိစ္စရပ်တွေမှာ ဝင်ရောက်ပြောဆိုမှု အလွန်နည်းတဲ့ လာအိုအစိုးရဟာ ဒီလ အစောပိုင်းတုန်းက Cluster bomb ကို ဘယ်နိုင်ငံကမှ မသုံးသင့်ဘူးလို့ ထုတ်ပြန် သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG