သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ယူကရိန်းအတွက် ရလဒ်ကောင်းများပေါ်ထွက်" သမ္မတဘိုင်ဒန်


NATO ထိပ်သီးညီလာခံတက်ရောက်လာတဲ့ အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံ
NATO ထိပ်သီးညီလာခံတက်ရောက်လာတဲ့ အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံ

လစ်သူရေးနီးယားနိုင်ငံမှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ NATO ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ဒီအစည်းအဝေးကနေ ယူကရိန်းအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ် ခဲ့တယ်လို့ပြောဆိုခဲ့သလို၊ ရုရှားကိုလည်း အပြင်းအထန်သတိပေးလိုက်ပါတယ်။

ယူကရိန်းကို ထောက်ခံကူညီနေတာတွေကိုရှောင်လွှဲ သွားမှာမဟုတ်ပါဘူး၊ ယူကရိန်းနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ ကျနော်တို့ရဲ့ အဓိဌာန်ဟာ အားနည်းမသွားပါဘူး၊ လွတ်မြောက်ရေးနဲ့ လွတ်လပ်မှုအတွက် ဆက်လက်ရပ်တည်သွားမှာပါလို့ သမ္မတဘိုင်ဒန် ကအစည်းအဝေးပြီး Vilnius တက္ကသိုလ်မှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာပြောဆိုခဲ့တာပါ။

ဒါ့အပြင် သမ္မတဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြင်းအထန်သတိပေးလိုက်ပါတယ်။ ရုရှားဟာ သံတမန်နည်းအရဖြေရှင်းဖို့စိတ်မဝင်စားပါဘူး။ သမ္မတပူတင်ဟာ ယူကရိန်းထက် သူကပိုပြီး ရေရှည်ခံနိုင်မယ်လို့ မှားယွင်းစွာ ယုံကြည်နေပါတယ်လို့လည်း သမ္မတ ဘိုင်ဒန်ကပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ဒီလူထုစည်းဝေးပွဲမှာ ပရိတ်သတ်ထောင်နဲ့ချီတက်ရောက်ခဲ့ပါတယ်။

ဒီထပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇာလင်းစကီးကတော့ အမေရိကန်ပြည်ထောင်စုက Cluster ကလပ်စတာ ဆင့်ကွဲဗုံးလက်နက်တွေပေးအပ်ခဲ့တဲ့အပေါ် ဗုဒ္ဓဟူးနေ့ကကာကွယ်ပြောဆိုခဲ့ပါတယ်။ ကလေပ်စတာဗုံးတွေနဲ့ပတ်သက်ပြီးဝေဖန်ဖို့ကလွယ်ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ကျနော်တို့ကိုကယ်ဆယ် ကူညီမှာပါလို့ ယူကရိန်းသမ္မတ ဇာလင်းစကီး ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန် နဲ့ သမ္မ ဇာလင်းစကီးတို့ ဗုဒ္ဓဟူးနေ့က NATO ထိပ်သီးအစည်းဝေးပြင်ပမှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။ G7 စက်မှုထိပ်သီးနိုင်ငံတွေအနေနဲ့ ယူကရိန်းကိုဆက်လက်ကူညီသွားမှာပါလို့လည်း ဒီထိပ်သီးအစည်းအဝေးမှာ သမ္မတ ဘိုင်ဒန် ကပြောဆိုခဲ့ပါတယ်။ လစ်သူယေးနီးယားမှာ NATO ထိပ်သီး စည်းဝေးပွဲတက်ရောက်ခဲ့တဲ့ သမ္မတ ဘိုင်ဒန်ဟာ ဖင်လန်နိုင်ငံကိုဆက်လက်ထွက်ခွါသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG