သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း NATO အဖွဲ့ဝင် မဖြစ်နိုင်သေး (သမ္မတ Biden)


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်
စစ်မပြီးမချင်းတော့ ယူကရိန်းအနေနဲ့ NATO အဖွဲ့ဝင်ဖြစ်လာဖို့ အဆင်သင့်ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။ “ရုရှားနဲ့စစ်ဖြစ်နေဆဲ ယူကရိန်းနိုင်ငံအနေနဲ့ NATO စစ်မဟာမိတ်ဖြစ်လာပြီဆိုတာနဲ့ ကျနော်တို့လည်း ရုရှားနဲ့ စစ်ဖြစ်ရတော့မှာပါ” လို့ သမ္မတဘိုင်ဒန်က CNN မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။
ရုရှား ယူကရိန်းပဋိပက္ခထဲကို NATO စစ်မဟာမိတ်ပါ ဝင်ပါလာရတော့မယ်ဆိုတဲ့သဘောပါ။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ စဉ်းစားရာမှာ ဒီမိုကရေစီဖြစ်ထွန်းမှုကနေ အခြားကိစ္စရပ်အတော်များများအထိ သတ်မှတ်ချက်အရည်အချင်းအားလုံး ပြည့်မီဖို့အချိန်ယူရဦးမယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။
တချိန်တည်းမှာတော့ ယူကရိန်းကို လိုအပ်သမျှလက်နက်ထောက်ပံ့သွားဖို့နဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ် ခွင့်ရှိစေဖို့ အမေရိကန်ဖက်ကကူညီသွားမယ်လို့ ပိုင်းဖြတ်ထားတဲ့အကြောင်းလည်း သမ္မတ ဘိုင်ဒန်က ပြောခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဇာလန်စကီးက ABC This Week အစီအစဉ်မှာ လာမယ့်NATO ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်တရပ်အမြန်ရရှိလာစေဖို့ သူလုပ်နိုင်သမျှအားလုံး လုပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ယူကရိန်းအနေနဲ့ ဥရောပမှာအင်အားအတောင့်တင်းဆုံးစစ်အင်အားအဖြစ် နေတိုးအနာဂတ်အဖွဲ့ဝင် ဖြစ်လာမှာပါလို့လည်း ယူကရိန်းရဲ့တန်ဖိုးရှိမှုကိုဖော်ပြခဲ့ပါသေးတယ်။ ယူကရိန်းပြည်သူ ၉၀ ရာခိုင်နှုန်းက NATO ရဲ့ အစိတ်အပိုင်းဖြစ်ချင်ကြတယ်၊ ယူကရိန်းပြည်သူ ၉၀ရာခိုင်နှုန်းကျော်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လိုကြတယ်လို့ ယူကရိန်းသမ္မတ ဇာလန်စကီးက ပြောပါတယ်။
ယူကရိန်း NATO အဖွဲ့ဝင် မဖြစ်နိုင်သေး (သမ္မတ Biden)
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG