သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခုနှစ် NATO ထိပ်သီးစည်းဝေးမှု သမိုင်းဝင် အခိုက်အတန့်ဟု သမ္မတ Biden သုံးနှုန်း


NATO ထိပ်သီးစည်းဝေးပွဲတက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျူလိုင် ၁၁၊ ၂၀၂၃
NATO ထိပ်သီးစည်းဝေးပွဲတက်ရောက်လာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျူလိုင် ၁၁၊ ၂၀၂၃
အခုကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ ထိပ်သီးအစည်းအဝေးဟာ သမိုင်းတွင်မယ့် အခိုက်အတန့်ဖြစ်တယ်လို့ အမေရိကန်သမ္မ Joe Biden က ပြောလိုက်ပါတယ်။ NATO အနေနဲ့ ယူကရိန်းစစ်နဲ့ပတ်သက်လို့ ကိုင်တွယ်နေရသလို တချိန်တည်းမှာ အဖွဲ့ဝင်သစ်တွေနဲ့ တိုးချဲ့ဖို့ ပြင်ဆင်နေတဲ့ ကာလဖြစ်ပါတယ်။
“ ယူကရိန်းရဲ့ အဆုံးအဖြတ်ကာလဟာ NATO တခုလုံးအတွက် အလွန်တရာအရေးကြီးပါတယ်။ ခင်ဗျားရဲ့ NATO ကို ဆက်ပြီး ဦးဆောင်နေမှုအပေါ်ယုံကြည်ပါတယ်။ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံကို NATO အဖွဲ့ဝင်ဖြစ်လာမယ့် ဒီလို သမိုင်းဝင်အခိုက်အတန့်မှာ ရင်ဆိုင်နေရတာတွေကို ခင်ဗျားလောက် ဘယ်သူမှ သိမှမဟုတ်ပါဘူး။ ခင်ဗျားရဲ့ဦးဆောင်မှုဟာ တကယ့်ကို အရေးပါတယ်။”

NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကို သမ္မတဘိုင်ဒန်က ရည်ညွှန်းပြောဆိုသွားတာပါ။ ယူကရိန်း အနာဂတ်မှာ NATO အဖွဲ့ဝင်ဖြစ်လာဖို့ NATO အတွင်းရေးမှုးချုပ်ရဲ့ အဆိုပြုထားချက်တွေ ကိုလည်း သဘောတူတယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။ ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေးမှာလည်း တူရကီသမ္မတက မီးစိမ်းပြလိုက်ပြီမို့ တူရကီလွှတ်တော်က အတည်ပြုပေးနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း Stoltenberg က ပြောပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ကတော့ NATO အနေနဲ့ ယူကရိန်းလုံခြုံရေးအာမခံချက်ပေးမှာဖြစ်သလို ယူကရိန်းကြောင့်လည်း နေတိုးအဖွဲ့ အားကောင်းခိုင်မာလာမှာဖြစ်တယ်လို့ သူ့ ကိုယ်ပိုင်တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။ NATO မဟာမိတ်တွေကတော့ ထိပ်သီးအစည်းအဝေး နောက်ဆုံးပူးတွဲ ထုတ်ပြန်ချက်အတွက် အသုံးအနှုံးတွေ ညှိုနှိုင်းနေကြပါတယ်။

ဒါပေမယ့်လို့ ရုရှားကျူးကျော်စစ်ရှိနေတုန်း ယူကရိန်း NATO ဝင်ခွင့်ကို စဉ်းစားဦးမှာမဟုတ်ဘူးဆိုတာ တော့ တူညီတဲ့သဘောထားရှိထားကြပါတယ်။ NATO စစ်စာချုပ်အဖွဲ့ရဲ့ စည်းမျဉ်းတခုထဲမှာ “တနိုင်ငံကို တိုက်ခိုက်ခံရရင် အားလုံးကို တိုက်ခိုက်တာနဲ့ အတူတူပဲ” ဆိုတဲ့ မူရှိတာကြောင့်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားနဲ့ တိုက်ရိုက်စစ်ဖြစ်မှာကို မလိုလားပါဘူး။

သမ္မတ Zelenskyy ကလည်း ဒီအခြေအနေကို လက်ခံပါတယ်။ ဒါပေမယ့် ယူကရိန်းအနေနဲ့ NATO ကို ဘယ်တော့ဝင်ခွင့်ရမလဲ အချိန်သတ်မှတ်ချက်မျိုးမရှိသလို၊ ကြိုတင်သတ်မှတ်ချက်တွေဟာလည်း အသုံးအနှုံးရှင်းရှင်းလင်းမရှိဘူးလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းသမ္မတဟာ ဒီနေ့ NATO အစည်းအဝေးမှာ တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG