သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီသမ္မတသဘောတူ


တူရကီသမ္မတRecep Tayyip Erdogan(ဝဲ)၊ နေတိုးအတွင်းရေးမှူးချုပ်Jens Stoltenberg(လယ်)နဲ့ ဆွီဒင်ဝန်ကြီးချုပ်Ulf Kristersson(ယာ) ဂျူလိုင် ၁၀၊ ၂၀၂၃

တူရကီသမ္မတ Recep Tayyip Erdogan ဟာ ဆွီဒင်ကို နေတိုးအဖွဲ့ဝင် အဖြစ်လက်ခံရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဥ်ကို တူရကီပါလီမန်ကို တတ်နိုင်သလောက် အမြန်ဆုံး တင်သွင်းဖို့ သဘောတူခဲ့တယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

အင်္ဂါနေ့မှ လုပ်မယ့် နေတိုး ထိပ်သီးအစည်းအဝေးမတိုင်မီ တနင်္လာနေ့မှာ လစ်သူယေးနီးယားမှာ တူရကီသမ္မတ Recep Tayyip Erdogan ဟာ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristerss နဲ့ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် Stoltenberg က အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

တနင်္လာနေ့အစောပိုင်းမှာ အာဒိုဝမ်ဟာ ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ် အတည်ပြုရေးအခြေအနေသစ် တရပ်ကိုခွင့်ပြုပေးခဲ့ပြီး တပြိုင်တည်းမှာပဲ တူရကီ နိုင်ငံ ကိုလည်း ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ဖြစ်လာဖို့ လမ်းဖွင့် ပေးနိုင်ရေး ဥရောပနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

ဒီလိုဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လက်ခံပေးဖို့ကိစ္စ ရပ်ကိုတူရကီရဲ့ EU အဖွဲ့ဝင် ဖြစ်ရေး ရည်မှန်း ချက်နဲ့ အာဒိုဝမ်က ချိတ်ဆက်ပြောဆိုလာတာဟာဒါ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေနဲ့ တခြား လုံခြုံရေး အရ အန္တရာယ် ရှိတဲ့ အဖွဲ့တွေကို ကိုင်တွယ်မှု ပျော့ညံ့လွန်းတယ်လို့ တူရကီ ဘက်က ယူဆပြီး၊ ဆွီဒင်ကို ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် ဖြစ်‌ရေး ကန့်ကွက်ခဲ့တာပါ။

ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီသမ္မတသဘောတူ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG