သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ထိပ်သီးစည်းဝေးဖို့ သမ္မတဘိုင်ဒန် လစ်သူယေးနီးယားရောက်ရှိ


NATOထိပ်သီးစည်းဝေးဖို့ရောက်လာတဲ့အမေရိကန်သမ္မတJoe Biden ကို လစ်သူယေးနီးယားသမ္မတ Gitanas Nauseda ကြိုဆို၊ ဂျူလိုင် ၁၀၊ ၂၀၂၃
NATOထိပ်သီးစည်းဝေးဖို့ရောက်လာတဲ့အမေရိကန်သမ္မတJoe Biden ကို လစ်သူယေးနီးယားသမ္မတ Gitanas Nauseda ကြိုဆို၊ ဂျူလိုင် ၁၀၊ ၂၀၂၃
နှစ်စဉ်ကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden ဟာ Lithuanian မြို့တော်ကို ရောက်ရှိသွားပါပြီ။ NATO ထိပ်သီးအစည်း အဝေးမှာတော့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ အဓိကဆွေးနွေးချက်တခုဖြစ်လာပါလိမ့်မယ်။ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံက တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲတဲ့ ကလပ်စတာဗုံးတွေကို အမေရိကန်က ယူကရိန်းကိုပေးပို့မယ်ဆိုတဲ့ကိစ္စဟာလည်း အစည်းအဝေးမှာ လွှမ်းမိုးနေပါတယ်။
ဒီမတိုင်ခင်ကတော့ သမ္မတဘိုင်ဒန်ဟာ ဗြိတိန်နိုင်ငံ လန်ဒန်မှာ တထောက်နားပြီး Charles ဘုရင်ကိုရော ဗြိတိန်ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Sunak နဲ့တွေ့ဆုံခဲ့ချိန်မှာတော့ ဗြိတိန်နဲ့ဆက်ဆံရေး ဟာ ကျောက်ဆောင်ကျောက်ခဲလို ခိုင်ခိုင်မာမာရှိနေတယ်လို့ သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အနေနဲ့ ယူကရိန်းကို ဆင့်ကဲပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေ ထောက်ပံ့ မယ်ဆိုတဲ့အပေါ်မှာ အမေရိကန်နဲ့ဗြိတိန်အပါအဝင်မဟာမိတ်တွေအကြား သဘောကွဲလွဲမှုတွေရှိခဲ့ပါတယ်။
လူအမြောက်အများသေစေနိုင်တဲ့ ကလပ်စတာဗုံးအသုံးပြုမှုကို ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံ က တားမြစ်ထားပါတယ်။ NATO အဖွဲ့အစည်းရဲ့ မူဘောင်အပြင်က‌နေ ယူကရိန်းရဲ့ ရေရှည်လုံခြုံရေး အာမခံချက်ပေးနိုင်ဖို့ နည်းလမ်းရှာဖွေရေးကိုလည်း အမေရိကန်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့နှစ်ဉီး အလေးပေးခဲ့ကြပါတယ်။
ယူကရိန်းဟာ NATO အဖွဲ့ဝင်ဖြစ်လာဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အ‌ကြောင်း သမ္မတ ဘိုင်ဒန်က ပြောခဲ့ပါတယ်။ NATO အဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းအနေနဲ့ ပြုပြင်ပြောင်းလဲစရာတွေရှိသေးသ လို၊ တချိန်တည်းမှာတော့ ရုရှားစစ် မပြီးပြတ်သေးပဲ ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ဒီစစ်ထဲ NATO တခုလုံးပါ ဆွဲသွင်းသလိုဖြစ်လိမ့်မယ်လို့ သမ္မတဘိုင်ဒန်က ထောက်ပြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံအပြီးမှာတော့ အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ Windsor နန်းတော်ကိုသွားပြီး ချားစ်ဘုရင်နဲ့တွေ့ဆုံပါတယ်။ အဲဒီမှာတော့ ဥတုရာသီဖောက်ပြန်မှု တိုက်ဖျက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံ တွေအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
NATO ထိပ်သီးစည်းဝေးဖို့ သမ္မတဘိုင်ဒန် လစ်သူယေးနီးယားရောက်ရှိ
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG