သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဗြိတိန်နဲ့ ဆက်ဆံရေး အခိုင်အမာရှိနေ" - ကန်သမ္မတဘိုင်ဒန်

လန်ဒန်မြို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာတွေ့ဆုံဆွေးနွေးနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ်ခ် (ဇူလိုင် ၁၀၊ ၂၀၂၃၀)
လန်ဒန်မြို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာတွေ့ဆုံဆွေးနွေးနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ်ခ် (ဇူလိုင် ၁၀၊ ၂၀၂၃၀)

အမေရိကန်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးဟာ အခိုင်အမာရှိနေကြောင်းနဲ့ နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိသလို ဆွေးနွေးမှုတွေဆက်လုပ်သွားဖို့ မျှော်လင့်တဲ့ အကြောင်း ဗြိတိန်ကိုရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောဆိုပါတယ်။ လစ်သူယေးနီးယားနိုင်ငံ Vilnius မြို့ မှာ ဇူလိုင် ၁၁ရက်နဲ့ ၁၂ ရက်ကျင်းပမယ့် NATO ထိပ်သီး ညီလာခံအပါအဝင် သုံးနိုင်ငံခရီးစဉ်နဲ့ သမ္မတ ဂျိုးဘိုင်ဒန် ဗြိတိန်ကိုရောက်နေတာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနပ်ခ်နဲ့ လန်ဒန်မြို့မှာ ဒီကနေ့ တွေ့ဆုံတာပါ။

လန်ဒန်မြို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်ရှေ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ်ခ် (ဇူလိုင် ၁၀၊ ၂၀၂၃၀)
လန်ဒန်မြို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်ရှေ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ်ခ် (ဇူလိုင် ၁၀၊ ၂၀၂၃၀)

ဒေါင်းနင်းလမ်း ဗြိတိန်ဝန်ကြီးချုပ်နေအိမ်ကို အမေရိကန်သမ္မတအနေနဲ့ သမ္မတဘိုင်ဒန် ပထမဆုံးလာရောက်တာလည်းဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ ဝန်ကြီးချုပ်ဆူနပ်ခ်နဲ့ လပေါင်းများစွာအတွင်း တွေ့ဆုံမှု ၅ ကြိမ်ရှိခဲ့ပြီး အခုတွေ့ဆုံတာက တရားဝင်တွေ့ဆုံမှုဆိုတာထက် ရှေ့က တွေ့ဆုံမှုတွေ နောက်ဆက်တွဲ ဆွေးနွေးပြောဆိုကြတာမျိုးဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan ကပြောပါတယ်။ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် လက်မခံသေးပေမဲ့ ယူကရိန်းနဲ့ အတူတကွရပ်တည်တာကို ပြသဖို့ ရည်ရွယ်ပြီး အင်္ဂါနေ့ Vilnius မြို့ ထိပ်သီးစည်းဝေးပွဲကို သမ္မတဘိုင်ဒန် တက်ရောက်မှာ ဖြစ်ပါတယ်။

"ဗြိတိန်နဲ့ ဆက်ဆံရေး အခိုင်အမာရှိနေ" - ကန်သမ္မတဘိုင်ဒန်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG