သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို Cluster Bomb ပေးဖို့ ကန်ဆုံးဖြတ်ချက် မဟာမိတ်တွေဝေဖန်


cluster bomb
cluster bomb

ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်မှာ တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ကလက်စတာ အမျိုးအစား ခဲယမ်းတွေ ယူကရိန်းပေးမယ့် အမေရိကန်ဆုံးဖြတ်ချက်အပေါ်မှာ အမေရိကန်မဟာမိတ်တွေရော ရုရှားကပါ စိုးရိမ်မကင်း တုန့်ပြန်ခဲ့ကြပါတယ်။ ကလပ်စတာဗုံး အသုံးပြုမှုတားမြစ်ထားတဲ့ နိုင်ငံတွေထဲမှာတော့ အမေရိကန် ရုရှားနဲ့ ယူကရိန်းတို့ မပါဝင်ကြပါဘူး။

ယူကရန်းကို နိုင်ငံရေး စစ်ရေး လူသားချင်းစာနာမှုအရပါ ထောက်ခံထားတဲ့ ကနေဒါနိုင်ငံကတော့ ကလပ်စတာခဲယမ်းအသုံးပြုမှုဆိုင်ရာ ၂၀၀၈ ခုနှစ် အော်စလိုသဘောတူညီချက်အတိုင်း အပြည့်အ၀ရပ်တည်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ ဗြိတိန်နိုင်ငံကလည်း ကလပ်စတာခဲယမ်းအသုံးပြုမှု ထုတ်လုပ်မှုတွေကိုတားမြစ်သလို အသုံးပြုမယ့်သူတွေကိုလည်း အားမပေးဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak က စနေနေ့မှာ ထုတ်ပြန်ပါတယ်။ စပိန်နိုင်ငံထုတ်ပြန်ချက်မှာလည်း ယူကရိန်းဟာ ကိုယ့်ကိုကိုယ့်ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတာ လက်ခံပေမယ့် ကလပ်စတာဗုံးအသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။

ယူကရိန်းကို ကလာစတာဗုံးတွေပေးမယ့် အမေရိကန်ဆုံးဖြတ်ချက်ကို မဟာမိတ်ဂျာမဏီရော ကုလအတွင်းရေးမှုးချုပ်တို့ကပါ ကန့်ကွက်တဲ့အကြောင်းပြောခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အခုဆုံးဖြတ်ချက်ဟာ ရုရှားဆန့်ကျင်ရေး ဆိုးဝါးတဲ့နောက်ထပ်ဥပမာတရပ်ဖြစ်တယ်လို့ ရုရှားက ဝေဖန်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒါဟာ အတော်ကြီးခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ဒီလက်နက်ဟာ ယူကရိန်းအနေနဲ့ ရုရှားတင့်ကားတွေကို ဟန့်တားနိုင်ဖို့ ကူညီတာဖြစ်တယ်လို့ ခုခံပြောဆိုထားပါတယ်။ ပဒေသာမိုင်းလို့ မြန်မာတွေသုံးနှုံးကြတဲ့ ကလက်စတာဗုံးဆိုတာဟာ ဗုံးအငယ်များစွာနဲ့ပေါင်းစပ်ထားပြီး ပင်မဗုံးလေထဲ ကွဲထွက်ပြီးတဲ့နောက် နောက်ထပ် ဗုံးတွေ ဆင့်ကွဲပြန့်ထွက်သွားတာကြောင့် နေရာကျယ်ကျယ်ပြန့်ပြန့်အထိ ထိခိုက်ပျက်စီးမှုရှိစေပါတယ်။

XS
SM
MD
LG