သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ဥရောပ (၃) နိုင်ငံ သွားရောက်မည်

FILE PHOTO: U.S. President Joe Biden
FILE PHOTO: U.S. President Joe Biden

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ထိပ်သီးအစည်းအဝေး ကျင်းပမယ့် လစ်သူရေးနီးယား အပါအဝင်၊ ငါးရက်ကြာ ဥရောပ သုံးနိုင်ငံခရီးကို လာမယ့် တစ်ပတ်အကြာမှာ ထွက်မယ်လို့ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ကစပြီး ဇူလိုင် ၉ ရက်ကနေ ၁၃ အထိခရီးစဥ်မှာ ပထမဆုံးအဖြစ် လန်ဒန်မြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ နှစ်ရက်ကြာ ခရီးမှာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်ခံ့စေဖို့အတွက် ဘုရင်ချားလ်းနဲ့ ဝန်ကြီးချုပ် ရီရှီ ဆူးနက် တို့ကို သမ္မတဘိုင်ဒန် က တွေ့ဆုံဖို့ စီစဥ်ထားပါတယ်။

အဲဒီနောက်မှာတော့ လစ်သူရေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ကျင်းပမယ့် မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ NATO ရဲ့ ထိပ်သီး အစည်းအဝေးကို သမ္မတ ဘိုင်ဒန် တက်ရောက်မှာပါ။ ဒီ ထိပ်သီးအစည်းအဝေးကို မဟာမိတ်နိုင်ငံ ၃၁ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြမှာ ဖြစ်ပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အပါအဝင် ယူကရိန်း စစ်ပွဲတစ်ခုလုံး ကို စဥ်းစား သုံးသပ်ကြမှာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံက နေတိုး အဖွဲ့ဝင် ဖြစ်လာတဲ့အထိမ်းအမှတ်အဖြစ် သမ္မတ ဘိုင်ဒန် ဟာ ဖင်လန် နိုင်ငံ ရဲ့ မြို့တော် ဟယ်ဆင်ကီး Helsinki ကို နေတိုး အစည်းအဝေး အပြီးမှာ ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။ ဖင်လန် နိုင်ငံဟာနေတိုး အဖွဲ့ကို ဧပြီလက ဝင်ရောက်ခွင့် ရခဲ့တာပါ။ နောဒစ်ဒေသ က ခေါင်းဆောင်တွေကို ဒီခရီး မှာတွေ့ဖို့ရှိပါတယ်။ “နေတိုး မဟာမိတ်တွေ ဟာ ဘယ်အခါမှနဲ့မတူ စည်းလုံးညီညွတ်နေကြတယ်” လို့ ပြီးခဲ့တဲ့လ နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံစဥ် သမ္မတ ဘိုင်ဒန် က ပြောကြားခဲ့ဖူးပါတယ်။

သမ္မတ Biden ဥရောပ (၃) နိုင်ငံ သွားရောက်မည်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG