သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး ရုရှား၊ မြန်မာ လက်မှတ်ထိုး


ရွေးကောက်ပွဲမှာသုံးမဲ့ မဲပေးစနစ်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပြသ (စက်တင်ဘာ ၅၊ ၂၀၂၃)
ရွေးကောက်ပွဲမှာသုံးမဲ့ မဲပေးစနစ်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပြသ (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရုရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ရွေးကောက်ပွဲ ဆိုင်ရာ လုပ်န်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု သဘောတူ စာချွန်လွှာ တရပ် ပြီးခဲ့တဲ့ သီတင်းပတ်က မော်စကိုမှာ ရေးထိုးခဲ့တဲ့အကြောင်း မြန်မာ့ အလင်း သတင်းစာမှာ ဖေါ်ပြပါတယ်။

ရုရှားနိုင်ငံမှာ ၂၀၂၄ ခုနှစ် မတ်လ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ အဖွဲ့ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့တာလို့ သတင်းစာက ရေးပါတယ်။မြန်မာစစ်ကောင်စီအပေါ် လက်နက်နဲ့ သံတမန်ရေးအရ ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးလာနိုင်ခြေ နောက်ထပ် ခြေလှမ်းတခု ပြင်ဆင်လာတာဆိုပြီး ဒေသတွင်း အကဲခတ်တွေ ရှုမြင်ထားကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ ပြည်တွင်းနိုင်ငံရေး ပါတီတွေက ခန့်မှန်း ပြောဆိုနေပါတယ်။ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေပါတယ်။

ရုရှားနိုင်ငံမှာ အတိုက်ခံတွေ ပြည်ပမှာရောက်နေသလို ထောင်ချခံထားနေရတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲဟာ လက်ရှိ သမ္မတ ပူတင်ကိုပဲ အနည်းဆုံး ၂၀၃၀ ခုနှစ်အထိ အာဏာအပ်နှင်းမယ့် ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုပြီး သပိတ်မှောက်ဖို့ အမေရိကန်အစိုးရ အရာရှိတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG