သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရဘတ်ဂျက် ညှိနှိုင်းမှု မပြေလည်သေး


အောက်လွတ်တော်ဥက္ကဋ္ဌ Kevin McCarthy
အောက်လွတ်တော်ဥက္ကဋ္ဌ Kevin McCarthy

အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ ရပ်တန့်မယ့်အရေးက ရှောင်ရှားနိုင်ဖို့ ကာလတို အသုံးစားရိတ်ချပေးမယ့် အဆိုပြုချက်ကို မနေ့ သောကြာနေ့ညက အောက်လွတ်တော်မှာ မဲခွဲမှု မအောင်မြင်ခဲ့တာကြောင့် ဒီကနေ့ စနေနေ့ညသန်းခေါင်ကျော်တာနဲ့ လုပ်ငန်းတွေ ရပ်တန့်မယ့်ဘက်ကို ဦးတည်နေပါတယ်။ အစိုးရလုပ်ငန်းတွေ ဆက်လက် လည်ပတ်ရေးနဲ့ပတ်သက်တဲ့ အဆိုပြုချက်ကို ရီပတ်ဘလီကန် လွတ်တော်အမတ် ၂၁ ဦးနဲ့ ဒီမိုကရက်လွတ်တော်အမတ် ၂၁၁ ဦးစလုံးက ကန့်ကွက်မဲပေးခဲ့တာကြောင့် အဆိုပြုချက် မအောင်မြင်ဘဲ ဖြစ်ခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော်မှာ အစိုးရလုပ်ငန်းတွေ တလတာ ယာယီ ဆက်လက် လည်ပတ်နေရေးအပါအဝင် ရှေ့နှစ် တနှစ်လုံးစာအတွက် အစိုးရအသုံးစားရိတ်ဆိုင်ရာ သဘောတူညီချက် မရရှိနိုင်သေးတာကြောင့် တနင်္ဂနွေနေ့ကို ကူးတာနဲ့ လုပ်ငန်းတွေ တစ်ပိုင်းတစ်စ ရပ်တန့်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။ ရှေ့နှစ်အတွက် အစိုးရအသုံးစားရိတ်၊ ယူကရိန်းကို အကူအညီပေးမယ့် ပမာဏ၊ အမေရိကန် မက္ကဆီကို နယ်စပ် လူဝင်မှု ကြီးကြပ်မှု ထိန်းချုပ်ရေးနဲ့ ဆင်းရဲတဲ့ အမေရိကန်တွေအတွက် လူမှုဖူလုံရေး ထောက်ပံ့မှု အစီအစဥ်တွေနဲ့ ပတ်သက်တဲ့ ဘတ်ဂျက် အဆိုပြုချက်ကို ရီပါဘလီကန် နဲ့ ဒီမိုကရက် ပါတီအမတ်တွေကြားမှာ သဘောတူညီချက် မရရှိသေးတာပါ။

ရီပတ်ဘလီကန်ပါတီအတွင်းက အစွန်းရောက် အမတ်တချို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အခုလို ရှေ့နှစ်အတွက် အစိုးရအသုံးစားရိတ်ကို အတည်မပြုနိုင် ဖြစ်နေတာကြောင့် အောက်လွတ်တော်ဥက္ကဋ္ဌ Kevin McCarthy ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မေးခွန်းထုတ်နေကြသလို ပါတီတွင်း စည်းလုံးညီညွတ်မှုမရှိတာကို ပြသနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။

ကန်အစိုးရဘတ်ဂျက် ညှိနှိုင်းမှု မပြေလည်သေး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG