သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရလုပ်ငန်းများရပ်ဆိုင်းမယ့် အခြေအနေကြုံ


The US Capitol is seen as a government shut down looms in Washington, DC, on September 28, 2023.
The US Capitol is seen as a government shut down looms in Washington, DC, on September 28, 2023.

အမေရိကန် အောက်လွှတ်တော် မှာ ဘတ်ဂျက်ဆိုင်ရာ သဘောတူညီချက် မရရှိနိုင်သေးတာကြောင့် အမေရိကန် အစိုးရ ရဲ့ လုပ်ငန်းတွေ ဟာ တနင်္ဂနွေနေ့မှာ တစ်ပိုင်းတစ်စ ရပ်တန့်သွားမယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန် အောက်လွှတ်တော် မှာ ဘတ်ဂျက်ဆိုင်ရာ သဘောတူညီချက် မရရှိနိုင်သေးတာကြောင့် အမေရိကန် အစိုးရ ရဲ့ လုပ်ငန်းတွေ ဟာ တနင်္ဂနွေနေ့မှာ တစ်ပိုင်းတစ်စ ရပ်တန့်သွားမယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။

လာမယ့် ၁၂ လအတွက် အစိုးရ အသုံးစားရိတ်၊ ရုရှား ကို တိုက်ဖို့ ယူကရိန်း ကို အကူအညီပေးမယ့် ပမာဏ၊ အမေရိကန် မက္ကဆီကို နယ်စပ် လူဝင်မှု ကြီးကြပ်မှု ထိန်းချုပ်ရေး၊ နဲ့ ဆင်းရဲတဲ့ အမေရိကန်တွေ အတွက် လူမှုဖူလုံရေး အစီအစဥ်တွေ နဲ့ ပတ်သက်တဲ့ ဘတ်ဂျက် ကို ရီပါဘလီကန် နဲ့ ဒီမိုကရက် ပါတီအမတ်တွေကြားမှာ သဘောတူညီချက် မရရှိသေးတာပါ။

ဒီမိုကရက်ပါတီ အမတ်အများစု ဖြစ်နေတဲ့ အထက်လွှတ်တော်ကတော့ နိုဝင်ဘာလလယ်အထိ အစိုးရ အလုပ်ဆက်လုပ်နိုင်မယ့် ၇ ပတ်ကြာ ဘတ်ဂျက် ကို ချထားပေးဖို့ ကြာသပတေးနေ့ က စီစဥ်နေပါတယ်။ ဒါပေမဲ့ အဲဒီ အစီအစဥ် အောက်လွှတ်တော် ကို ရောက်လာခဲ့ရင် အောက်လွှတ်တော် ဥက္ကဌ Kevin McCarthy က ပယ်ချမယ်လို့ ဆိုပါတယ်။ အောက်လွှတ်တော်မှာတော့ အစိုးရ ဌာန ၄ ခု ရဲ့ တစ်နှစ်တာ ဘတ်ဂျက် ပြင်ဆင်ချက် ကို ဆက်လက် မဲပေးဖို့ လုပ်နေကြပါတယ်။

ကြာသပတေးနေ့ မနက်မှာတော့ အစိုးရ ဌာနတွေ က ဝန်ထမ်းတွေ ကို လုပ်ငန်းတွေ ရပ်တန့်သွားကောင်း သွားနိုင်တယ်လို့ အကြောင်းကြားထားလိုက်ပါပြီ။ ရပ်တန့်သွားခဲ့ရင် မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး ကျန် အစိုးရ လုပ်ငန်းတွေ က တနင်္ဂနွေ က စလို့ ရပ်တန့်သွားကြမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG