သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက နှင်ထုတ်ခံရတဲ့စစ်သား အမေရိကန်လက်ထဲပြန်ရောက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ရထားဘူတာတခုမှာ ပြသနေတဲ့သတင်းအစီအစဉ်တခုအတွင်းတွေ့ရတဲ့ အမေရိကန်စစ်သား Travis King (စက်တင်ဘာ ၂၇၊ ၂၀၂၃)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ရထားဘူတာတခုမှာ ပြသနေတဲ့သတင်းအစီအစဉ်တခုအတွင်းတွေ့ရတဲ့ အမေရိကန်စစ်သား Travis King (စက်တင်ဘာ ၂၇၊ ၂၀၂၃)

မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ ၂ လက ဥပဒေမဲ့ ဝင်ရောက်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အမေရိကန်စစ်သား Travis King မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံဘက်ကို မောင်းထုတ်ခံလိုက်ရပြီးတဲ့နောက် အခု အမေရိကန်အာဏာပိုင်တွေလက်ထဲကို ရောက်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ သူပြန်လွတ်လာတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အဲဒီ အရာရှိက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Travis King ကို နိုင်ငံကနှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဒီကနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။

ဇူလိုင်လတုန်းက နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာကို စုံစမ်းစစ်ဆေးမှုရဲ့ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ရာမှာ အမေရိကန်စစ်တပ်တွင်း လူမဆန်စွာ ပြုမူဆက်ဆံမှုနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ King စိတ်ထဲမှာ ခံစားချက်တွေ ရှိနေတာကို တွေ့ရှိရကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

King ကို ဘယ်အချိန်၊ ဘယ်နေရာကို နှင်ထုတ်မယ် ဆိုတာကို တော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ King ဟာ မြောက်ကိုရီးယား ဒါမှမဟုတ် တခြားနိုင်ငံတခုခုမှာ ခိုလှုံခွင့်တောင်းခံနိုင်တယ်လို့ မြောက်ကိုရီးယားရဲ့ ကနဦး စုံစမ်းတွေ့ရှိချက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

အသက် ၂၃ နှစ်အရွယ် အမေရိကန်စစ်သည် King ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ကုလသမဂ္ဂက ကြီးကြပ်ထားတဲ့ ကြားခံနယ်မြေကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားအဖွဲ့တစ်ခုနဲ့ လိုက်ပါသွားပြီး အခုလို နယ်စပ်ဖြတ်ကျော်သွားခဲ့တာပါ။

မြောက်ကိုရီးယားက နှင်ထုတ်ခံရတဲ့စစ်သား အမေရိကန်လက်ထဲပြန်ရောက်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG