သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ရေတို ဘတ်ဂျက်မူကြမ်း အောက်လွှတ်တော် အတည်ပြု


U.S. House Speaker Kevin McCarthy on Capitol Hill
U.S. House Speaker Kevin McCarthy on Capitol Hill

အမေရိကန် အစိုးရအသုံးစရိတ် ဘတ်ဂျက်အတွက် ရေတို ၄၅ ရက်စာ ခွင့်ပြုဖို့ အဆိုကို စနေနေ့က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့်အရေး ယာယီ ရှောင်ရှားနိုင်မယ့် အလားအလာ ရှိလာပါတယ်။

အမေရိကန် အစိုးရအသုံးစရိတ် ဘတ်ဂျက်အတွက် ရေတို ၄၅ ရက်စာ ခွင့်ပြုဖို့ အဆိုကို စနေနေ့က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့်အရေး ယာယီ ရှောင်ရှားနိုင်မယ့် အလားအလာ ရှိလာပါတယ်။

အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အခု ဆုံးဖြတ်ချက်မူကြမ်းကို အထက်လွှတ်တော်မှာ ဆက်လက် မဲခွဲ အတည်ပြုရဦးမှာပါ။ ဒေသစံတော်ချိန် စနေနေ့ည သန်းခေါင် မတိုင်ခင် လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပြီး သမ္မတ ဂျိုးဘိုင်ဒန်က အချိန်မီ လက်မှတ်ရေးထိုး အတည်ပြုနိုင်ရင်တော့ အစိုးရဘတ်ဂျက် ၄၅ ရက်စာ ရေတို ရရှိပြီး လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အရေးကနေ ယာယီ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အောက်လွှတ်တော်ဥက္ကဌ Kevin McCarthy က ဘတ်ဂျက်ကို ရှေ့နှစ် ၁ နှစ်စာအတွက် တင်ပြခဲ့တာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် စနေနေ့မှာ နည်းနာပြောင်းပြီး ၄၅ ရက်စာ ရေတို ဘတ်ဂျက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီ ၄၅ ရက်စာ ကာလတိုဘတ်ဂျက်မှာ ယူကရိန်းကို ထောက်ပံရေးကိစ္စ ချန်လှပ်ထားခဲ့ပေမဲ့ ဒီမူကြမ်းကို ရီပတ်ဘလစ်ကန် အမတ်တွေထက် ဒီမိုကရက်တွေက အများစု ထောက်ခံခဲ့ပါတယ်။

“ကျနော်တို့ဟာ လုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်သွားမှာပါ။ အစိုးရကို ဆက်လက်ပြီး အလုပ်လုပ်နိုင်အောင် လုပ်သွားမှာပါ” လို့ အောက်လွှတ်တော် ဥက္ကဌ Kevin McCarthy က သောကြာနေ့မနက်ပိုင်း လွှတ်တော် အစည်းအဝေး အပြီးမှာ ပြောဆိုခဲ့ပါတယ်။

မက္ကဆီကို နယ်စပ်လုံခြုံရေး၊ ယူကရိန်းစစ်ပွဲ ကူညီထောက်ပံရေး၊ ဆင်းရဲတဲ့ အမေရိကန် နိုင်ငံသားတွေကို ထောက်ပံ့ရေး စတာတွေအတွက် အသုံးစရိတ်တွေ ပါဝင်တဲ့ ၁၂ လစာ အစိုးရဘတ်ဂျက် တင်ပြတောင်းခံမှုကို အထူးသဖြင့် သမာရိုးကျ ကွန်ဆာဗေးတစ် ရစ်ပတ်ဘလစ်ကန် အမတ်တွေက မထောက်ခံတဲ့အတွက် အတည်မပြုနိုင် ဖြစ်နေခဲ့တာပါ။ စစ်အသုံးစရိတ် ဒေါ်လာ ဘီလီယံ ၈၈၀ ကျော်ပါဝင်တဲ့ မူရင်းဘတ်ဂျက် တောင်းခံမှုကိုလည်း ရီပတ်ဘလစ်ကန် အမတ်တချို့က ကန့်ကွက်နေတဲ့အတွက် အတည်မပြုနိုင် ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG