သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် - တရုတ် အရာရှိကြီး ၂ ဦး ဆွေနွေးမှုမှာ မြန်မာ့အရေးပါဝင်


Daniel J Kritenbrink ၊ အလယ်ပုံ၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီး
Daniel J Kritenbrink ၊ အလယ်ပုံ၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီး

အရှေ့အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J Kritenbrink နဲ့ အာရှတိုက်ဆိုင်ရာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sun Weidong တို့ စက်တင်ဘာလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ပြီး မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပင်လယ်ပြင်ဆိုင်ရာ အာရှဒေသတွင်းက ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J Kritenbrink နဲ့ အာရှတိုက်ဆိုင်ရာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sun Weidong တို့ မြို့တော်ဝါရှင်တန်ဒီစီမှာ စက်တင်ဘာလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ပြီး မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပင်လယ်ပြင်ဆိုင်ရာ အာရှဒေသတွင်းကကိစ္စရပ်တွေကိုဆွေးနွေး ခဲ့ကြပါတယ်။


အခုလို တွေ့ဆုံဆွေးနွေးတာဟာ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုတွေ၊ တင်းမာမှုတွေ ရှိနေပေမယ့်လည်း ဆက်သွယ်ရေးလမ်းကြောင်း ဆက်လက် ဖွင့်လှစ်ထားရေး မူဝါဒအရ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။


ဒီလိုတွေ့ဆုံရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အင်ဒိုပစ္စဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာနဲ့ အင်ဒိုပစ္စဖိတ်ဒေသတွင်း နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကိုလေးစားလိုက်နာပြီး လွတ်လပ်လုံခြုံမှုရှိဖို့ကိစ္စရပ်တွေကို အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကဆွေးနွေးခဲ့ပါတယ်။


အခုလိုဆွေးနွေးရာမှာ မြန်မာနိုင်ငံပြဿနာ ဖြေရှင်းနိုင်ရေး၊ မြောက်ကိုရီးယားနဲ့ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး၊ ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။


ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ဒုတိယသမ္မတ Han Zheng နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ နယူးယောက်မှာ တွေ့ဆုံခဲ့ပြီးနေက် နောက်ဆက်တွဲ တွေ့ဆုံမှုဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ဟာလည်း မီတနိုင်ငံမှာ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG