သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လုံခြုံရေးအရာရှိနဲ့တရုတ်ဝန်ကြီး သမ္မတနှစ်ဦးတွေ့ဆုံဖို့ အကြိုဆွေးနွေး


US China
US China

အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ Malta နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ အမရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ ပြောဆိုပါတယ်။ နှစ်နိုင်ငံကြားဆက်ဆံရေး ပြန်တည်ငြိမ်အောင် နှစ်ဖက်စလုံးက ကြိုးပမ်းနေချိန်မှာ အခုလိုနှစ်နိုင်ငံ ထိပ်တန်းတာဝန်ရှိသူနှစ်ဦး တွေ့ဆုံခဲ့ကြတာပါ။

အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ တရုတ်နိုင်ငံခြားရေးဌာနတို့ သီးခြားစီ တနင်္ဂနွေနေ့က ထုတ်ပြန်ကြတဲ့ကြေညာချက်တွေထဲမှာ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်း၊ အရင်းအမြစ်ကျကျနဲ့ အပြုသဘောဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ် အကုန်ပိုင်းမှာ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့နှစ်ဦီး တွေ့ဆုံနိုင်ဖို့ တရုတ်နဲ့ အမရိကန် အဆင့်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာမှာ ဒါဟာ နောက်ဆုံးဖြစ်ထွန်းမှုတခုဖြစ်ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Sullivan ဟာ နိုင်ငံခြားရေးဝန်ကြီး Wang နဲ့ မေလတုန်းက Vienna မြို့မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ အာရှ-ပစိဖိတ်ဒေသအရေးကိစ္စတွေ၊ ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စတွေနဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူတွေအကြား အပြန်အလှန်အမြင်ဖလှယ်တာ နှစ်နိုင်ငံကြားတိုင်ပင်ဆွေးနွေးတာတွေ လုပ်သွားကြဖို့ သဘောတူခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အိမ်ဖြူတော်ထုတ်ပြန်ချက်ထဲမှာတော့ အခုလို မဟာဗျူဟာကျကျ ဆက်သွယ် ရေးလမ်းကြောင်းဆက်ထားဖို့နဲ့ လာမယ့်လတွေအတွင်း အရေးပါတဲ့အကြောင်းရပ်တွေအပေါ် အဆင့်မြင့်တာဝန်ရှိသူတွေအကြား နောက်ထပ် တိုင်ပင်ညှိနှိုင်းသွားကြဖို့ရှိမယ်လို့ ဖော်ပြပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး Sullivan အနေနဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအရေးကြီးတယ်ဆိုတာကို ထောက်ပြထားတယ်လို့ အမေရိကန်ဖက်က ပြောသလို ထိုင်ဝမ်အရေးကိစ္စဟာ တရုတ်-အမေရိကန်ဆက်ဆံရေးမှာ ထိပါးမခံတဲ့ ပထမဆုံးစည်းဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Wang က သတိပေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးက ထုတ်ပြန်ပါတယ်။

အိန္ဒိယမှာလုပ်တဲ့ ပြီးခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ မလာရောက်တဲ့အပေါ် သမ္မတ ဘိုင်ဒန်က စိတ်ပျက်လက်ပျက်ဖြစ်ကြောင်းပြောခဲ့ဖူးပါတယ်။ အခု နိုဝင်ဘာလ ဆန်ဖရစ္စကိုမှာ ကျင်းပဖို့ရှိတဲ့ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖော်ရမ် APEC အစည်းအဝေးမှာတော့ သမ္မတနှစ်ဦီး တွေ့ဆုံနိုင်ခြေအခွင့်အလမ်းတော့ ရှိနေပါတယ်။ သမ္မတနှစ်ဦီးဟာ ၂၀၂၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာလုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးအပြင်ပန်းမှာ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG