သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေ တယ်လီဖုန်းနဲ့ ဆွေးနွေး


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ယခင်မှတ်တမ်းဓာတ်ပုံ - ဇူလိုင် ၉ ၊၂၀၂၂) 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (ယခင်မှတ်တမ်းဓာတ်ပုံ - ဇူလိုင် ၉ ၊၂၀၂၂) 

[[Zawgyi/Unicode]]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ဟာ နှစ်နိုင်ငံအားပြိုင်မှုနဲ့ ရုရှားရဲ့ယူကရိန်းစစ်ပွဲအကြောင်းကို တနင်္ဂနွေနေ့က ဖုန်းကနေ ဆွေးနွေးခဲ့ကြတယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုင်းပြည် ၂ ရပ်ကြား အားပြိုင်နေကြတာကို တာဝန်ရှိရှိ စီမံခန့်ခွဲဖို့ လိုအပ်တဲ့ အကြောင်းကို ပြောဆိုခဲ့ကြတယ်”လို့ ဘလင်ကန်က သူ့ရဲ့တွစ်တာ လူမှုစာမျက်နှာမှာ ရေးထားပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့လိုတာကိုလည်း ဆွေးနွေးခဲ့ကြပြီး ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကြောင့် ကမ္ဘာ့လုံခြုံရေးနဲ့ စီးပွါးရေးတည်ငြိမ်မှုအပေါ် ကျရောက်လာခဲ့တဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို ဘလင်ကန်က ပြောခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

တရုတ်ကတော့ ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့တာကို ဝေဖန်ဖို့ စွဲစွဲမြဲမြဲ ရှောင်ရှားခဲ့ပြီး စစ်ပွဲအတွက် အမေရိကန်နဲ့ နေတိုးအပေါ် အပြစ်တင်ခဲ့တာပါ။ တနင်္ဂနွေနေ့က ပြောဆိုကြတဲ့အခါမှာတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာ ဖြေရှင်းရေးကို ပြောဆိုပြီး စစ်ရေးအသုံးပြုမှုတွေအတွက် စီမီးကွန်ဒပ်တာ ခေါ် တပိုင်းလျှပ်ကူးတွေ တင်ပို့မှုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ကိစ္စကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ကိုဖိနှိပ်ပြီး ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားတာတွေ ရပ်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကြား အပိတ်အဆို့အသစ်တွေမလုပ်ဖို့ ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ အမေရိကန်နဲ့တရုတ် ဆက်ဆံရေးကို တည်ငြိမ်တဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းကြောင်းပေါ် ပြန်တင်ရေးဟာ အမေရိကန်နဲ့တရုတ်အတွက်သာမက နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှော်လင့်ချက်တွေအတွက်လည်း ဘုံအကျိုးစီးပွါးဖြစ်ကြောင်း ဝန်ကြီးဝမ်ယီက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG