သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက်သမ္မတ Donald Trump ကျမ်းသစ္စာဆို


Trump Inauguration
Trump Inauguration

အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီး၊ သာမာန်လူအမြင်နဲ့ တော်လှန်ရေးဆင်နွှဲဖို့ ခေါ်သံ ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံတွင်း ဥပဒေမဲ့ နေထိုင်နေကြတဲ့သူတွေကို နှင်ထုတ်ဖို့ အပါအဝင် မူဝါဒ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် လုပ်မယ်လို့လည်း ကတိပေး ပြောကြားသွားပါတယ်။

မိနစ် ၃၀ ကြာတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ သမ္မတထရမ့်က အမေရိကန် ရွှေခေတ် စပြီလို့လည်း ကြေညာလိုက်ပါတယ်။ ဒီအချိန်ကစပြီး အမေရိကန်ရဲ့ ကျဆင်းမှု ပြီးဆုံးသွားပြီ။ မလုပ်နိုင်တဲ့ အိပ်မက်ဆိုတာ မရှိဘူးလို့လည်း မိန့်ခွန်းမှာ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

မစ္စတာ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရုတ် ဒုတိယသမ္မတ ဟန်ကျင်း Han Zheng၊ အီတလီ ဝန်ကြီးချုပ် Giorgia Meloni အာဂျင်းတီးနား သမ္မတ ဟာဘီယား မီလေး Javier Milei နဲ့ အီကွေဒေါသမ္မတ ဒင်န်နီယယ် နိုဘယ်လာ Daniel Noboa တို့အပါအဝင် နိုင်ငံခြား ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း အမေရိကန် သမ္မတဟောင်းတွေနဲ့အတူ တက်ရောက်ခဲ့ကြပါတယ်။

(ဝဲ_ယာ)အီတလီ ဝန်ကြီးချုပ် Giorgia Meloni ၊ အာဂျင်တီးနား သမ္မတ Javier Milei နဲ့ တရုတ် ဒုသမ္မတ Han Zheng တို့ကို တွေ့ရ ။
(ဝဲ_ယာ)အီတလီ ဝန်ကြီးချုပ် Giorgia Meloni ၊ အာဂျင်တီးနား သမ္မတ Javier Milei နဲ့ တရုတ် ဒုသမ္မတ Han Zheng တို့ကို တွေ့ရ ။

ဘီလီယံနာ သူဌေးတွေ ဖြစ်ကြတဲ့ အမေဇုံ Jeff Bezos၊ မက်တာပိုင်ရှင် မာ့ခ် ဇူကာဘဂ်၊ တက်စလာနဲ့ အိပ်စ် လူမှုစာမျက်နှာ ပိုင်ရှင် ဘီလျံနာသူဌေးကြီး အီလွန်မာ့က်စ်၊ တစ်တော့ အလုပ်အမှုဆောင်အရာရှိ Shou Zi Chew တို့ကိုလည်း အခမ်းအနားမှာ တွေ့မြင်ကြရပါတယ်။

တစ်တော့ အလုပ်အမှုဆောင် အရာရှိ Shou Zi Chew ။
တစ်တော့ အလုပ်အမှုဆောင် အရာရှိ Shou Zi Chew ။

အမေဇုံ သူဌေးကြီး Jeff Bezos ။
အမေဇုံ သူဌေးကြီး Jeff Bezos ။
တက်စလာနဲ့ အိပ်စ် လူမှုစာမျက်နှာ ပိုင်ရှင် ဘီလျံနာ အီလွန်မာ့က်စ် ။
တက်စလာနဲ့ အိပ်စ် လူမှုစာမျက်နှာ ပိုင်ရှင် ဘီလျံနာ အီလွန်မာ့က်စ် ။
မက်တာ Facebook ပိုင်ရှင် မာ့ခ် ဇူကာဘဂ်တို့ ဇနီးမောင်နှံ ။
မက်တာ Facebook ပိုင်ရှင် မာ့ခ် ဇူကာဘဂ်တို့ ဇနီးမောင်နှံ ။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက်သမ္မတ Donald Trump ကျမ်းသစ္စာဆို
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG