သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိတ်ပင်မှုရှောင်ရှားဖို့ TikTok ကို ထရမ့် အခွင့်ရေးပေးနိုင်


TikTok
TikTok

လူသုံးများတဲ့ ဗွီဒီယို လူမှုကွန်ရက် တခုဖြစ်တဲ့ TikTok ကို အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်ခံရမှုက ရှောင်ရှားနိုင်ဖို့ အတွက် ရောင်းချမှု သဘောတူညီချက် ရယူနိုင်ရေး ရက်ပေါင်း ၉၀ အချိန်ထပ်တိုးဖို့က “ဖြစ်နိုင်တယ်” လို့  ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က စနေနေ့မှာ ပြောလိုက်ပါတယ်။

“သူဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး” လို့ NBC News အင်တာဗျူးတခုမှာ ထရမ့်က ပြောပြီး လာမယ့် တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် TikTok ကို ထပ်မံ အခွင့်အရေး ပေးဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒါက ကျနော်တို့ စဉ်းစားရမယ့် ရွေးချယ်မှုတခု သေချာပေါက် ဖြစ်လာမယ်လို့ ထင်ပါတယ်၊ ရက် ၉၀ သက်တမ်းတိုးပေးဖို့က လုပ်ဆောင်နိုင်ခြေအရှိဆုံးပါ၊ ခင်ဗျား သိတဲ့ အတိုင်းပဲ ဒါက သင့်လျော်တဲ့ လုပ်ရပ်ပါ” လို့ ထရမ့် က NBC က “Meet the Press” အစီအစဉ်တင်ဆက်သူ Kristen Welker ကို တယ်လီဖုန်းအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ "ဒါကို သေသေချာချာ လေ့လာကြည့်ဖို့ လိုပါတယ်။ ဒါက အရမ်း အရေးကြီးတဲ့ အခြေအနေ တခုပါ။ အဲ့လိုလုပ်ဖို့ ဆုံးဖြတ်ရင် တနင်္လာနေ့မှာ ကြေညာမယ်” လို့လည်း ထရမ့်က ပြောပါတယ်။


လက်ရှိမှာတော့ မိုဘိုင်းအက်ပလီကေးရှင်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ စနစ်တွေမှာ အမေရိကန်ပြည်ထောင်စုက သုံးစွဲသူတွေ အတွက် TikTok ကို တားမြစ်တဲ့ ဥပဒေဟာ တနင်္ဂနွေနေ့မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီး မနှစ်က သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေအရ TikTok ရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီဟာ အမေရိကန်က သူ့ရဲ့ လုပ်ငန်းလည်ပတ်မှုကို ခွင့်ပြုထားတဲ့ ဝယ်ယူသူ ထံ ရောင်းချနိုင်ဖို့ အတွက် အချိန် ၉ လ သတ်မှတ် ပေးခဲ့ပါတယ်။

ဒါပေမယ့် ရောင်းချမှု လုပ်ငန်းစဉ်က အကောင်အထည် ဖော်နေတဲ့ အဆင့်ဖြစ်ခဲ့ရင် လက်ရှိ သမ္မတက အချိန် သတ်မှတ်ချက် သက်တမ်းတိုးခွင့် ဥပဒေမှာ ခွင့်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG