သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok ကို ဝယ်ယူနိုင်ရေး ကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း နည်းလမ်းရှာ


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Steven Mnuchin (ဒီဇင်ဘာ ၂၊ ၂၀၂၀)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Steven Mnuchin (ဒီဇင်ဘာ ၂၊ ၂၀၂၀)

အမေရိကန်နိုင်ငံမှာ TikTok ဗွီဒီယို App သုံးစွဲမှုကိုတားမြစ်ဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ ဘဏ္ဍာရေးဝန်ကြီးဟောင်း Steven Mnuchin က တကယ်လို့ တရုတ်အခြေစိုက် ဒီ app ပိုင်ရှင်ကသာ ရောင်းဖို့ သဘောတူမယ်ဆိုရင် သူဟာ Tik Tok ကိုဝယ်ဖို့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ဖွဲ့ဖို့လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်ကစပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း Mnuchin က TikTok ကို သုံးစွဲသူ အမေရိကန်နိုင်ငံသား သန်း ၁၇၀ ကျော်ရှိနေတာကြောင့် ဒါဟာ အမေရိကန်ပိုင်စီးပွါးရေးလုပ်ငန်းဖြစ်သင့်တယ်လို့ CNBC သတင်းဌာနကို ပြောခဲ့တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံမှာ အမေရိကန်ကုမ္ပဏီတခုက ဒီလိုပိုင်ဆိုင်မှုရှိတယ်ဆိုရင် တရုတ် အစိုးရက လုံးဝ ခွင့်ပြုမှာမဟုတ်ဖူးလို့လည်း ပြောပါတယ်။

ဝန်ကြီးဟောင်း Mnuchin က သူဖွဲ့မယ့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်မယ်၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ TikTok ကို တရုတ်နည်းပညာကုမ္ပဏီ ByteDance လီမိတက်ကပဲ လုံးဝပိုင်ဆိုင်တာ ဖြစ်ပါတယ်။

TikTok ကို လက်ရှိပိုင်ဆိုင်နေသူနဲ့ အမေရိကန်နိုင်ငံတွင်းသုံးစွဲမှုတွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မယ့် အန္တရာယ်ရှိနေတာအတွက် အောက်လွှတ်တော်ကစိုးရိမ်ပြီး ထောက်ခံမဲ ၃၅၂ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်က ဒါကို ထောက်ခံမှု ရှိမရှိ မသေချာသေးပါဘူး။ အောက်လွှတ်တော်က အတည်ပြုပေးခဲ့တာကို အထက်လွှတ်တော်အမတ်တွေက ပြန်သုံးသပ်မှာဖြစ်ပြီး အထက်လွှတ်တော် အများစုအမတ်ခေါင်းဆောင် Chuck Schumer ကတော့ ဒါကို အတည်ပြုနိုင်ဖို့ သင့်တော်တဲ့ ကော်မတီအကြီးအကဲတွေနဲ့ တိုင်ပင်မှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ လွှတ်တော်ကအတည်ပြုပေးရင် သူလက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း ပြောပါတယ်။ TikTok ကတော့ သူတို့ဟာ တရုတ်အစိုးရရဲ့အသုံးချခံမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

TikTok ကို ဝယ်ယူနိုင်ရေး ကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း နည်းလမ်းရှာ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG