သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအစိုးရမီဒီယာ စာမျက်နှာများ Tik Tok ဖယ်ရှား


Tik Tok
Tik Tok

အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်ဩဇာလွှမ်းမိုးနိုင်အောင်လုပ်တယ်ဆိုပြီး Tik Tok (တစ်တော့) လူမှုကွန်ရက်ပေါ်မှာရှိတဲ့ ရုရှားအစိုးရ သတင်းဌာနနဲ့ ဆက်စပ်စာမျက်နှာတွေကို အမေရိကန်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ တစ်တော့ကဖယ်ရှားလိုက်ပါတယ်။

ရုရှားအစိုးရသတင်းဌာန RT ရဲ့ မိခင်ကုမ္ပဏီ TV-Novosti (တီဗွီ နိုဗိုစတီး) နဲ့ ရုရှားအစိုးရသတင်းဌာန RIA Novosti (ရီယာ နိုဗိုစတီ) နဲ့ Sputnik (စပွတ်နစ်) တို့ရဲ့ နောက်ကွယ်က Rossiya Segodnya ‌(ရော့စီးယား စီဂေါ့ဒ်ညား) မီဒီယာအဖွဲ့တို့ရဲ့စာမျက်မှာတွေကို ပိတ်လိုက်ကြောင်း တစ်တော့က ဗွီဒီယိုအတိုလေးနဲ့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ရိုစီးယား စီဂေါ့ဒ်ညား မီဒီယာအဖွဲ့၊ RT နဲ့ တခြားစပ်ဆက်အဖွဲ့အစည်းတွေကို ဖေ့ဘုတ်၊ WhatsApp နဲ့ အင်စတာဂရမ်စတဲ့လူမှုကွန်ရက်တွေကို ပိုင်ဆိုင်တဲ့ Meta စာမျက်နှာတွေပေါ်ကနေ ပိတ်လိုက်ပြီလို့ ကြေညာခဲ့လို့ ရုရှားအစိုးရနဲ့ သတင်းဌာန၂ ခုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး နောက် တပတ်အကြာမှာပဲ Tik Tok က အခုလို ကြေညာသွားတာပါ။

Rossiya Segodnya ကတော့ သတင်းစာရှင်းလင်းပွဲခေါ်ယူ တုံ့ပြန်သွားပြီး ကမ္ဘာမှာဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး မတူတဲ့အမြင်တွေကို ဆက်လက်တန်ဖိုးထားသွားမယ်၊ အများကိုတင်ပြနိုင်ဖို့ လမ်းစရှာပါမယ်လို့ ပြောသွားပါတယ်။

ဒီနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပါတီ ၂ ရပ်လုံးကို အီရန်ကလည်း အွန်လိုင်းတိုက်ခိုက်မှုနဲ့ထိုးဖောက်ဝင်ရောက် ခဲ့ပေမဲ့ ရုရှားအစိုးရဟာ အမေရိကန်ရွေးကောက်ပွဲတွေအတွက် အဓိကအန္တရာယ်ဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောသွားပါတယ်။ ရုရှားလိုလားရေးဝါဒဖြန့်ချီဖို့ ရုရှားကလှို့ဝှက်လုပ်ဆောင်တာကို ပစ်မှတ်ထား၊ အရေးယူမှုတွေ အပါအဝင် ပြည်ပစီစဉ်တဲ့ လုပ်ရပ်တွေကို စွဲချက်တင်တာ၊ ဒဏ်ခတ်ပိတ်ဆို့တာ၊ လူသိရှင်ကြားကြေညာတာတွေ အမေရိကန်အရာရှိတွေ လတ်တလော လုပ်ဆောင်နေပါတယ်။

ရုရှားအစိုးရမီဒီယာ စာမျက်နှာများ Tik Tok ဖယ်ရှား
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG