သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်မှုထင်ရှားတဲ့ Donald Trump အပေါ် တရားရုံးက ပြစ်ဒဏ်မဲ့ စီရင်ချက် ချမှတ်


စီရင်ချက်ချတဲ့ တရားခွင်ကို အွန်လိုင်းကနေ တက်ရောက် ကြားနာခဲ့တဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်။ ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှသစ်။ (ဓာတ်ပုံ - Brendan McDermid / POOL / AFP)
စီရင်ချက်ချတဲ့ တရားခွင်ကို အွန်လိုင်းကနေ တက်ရောက် ကြားနာခဲ့တဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်။ ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှသစ်။ (ဓာတ်ပုံ - Brendan McDermid / POOL / AFP)

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်ခင်က လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ် ခဲ့တာနဲ့ သက်ဆိုင်တဲ့ အမှု အတွက် နယူးရောက် တရားရုံးက အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ကို ပြစ်မှုထင်ရှားကြောင်းနဲ့ ပြစ်ဒဏ်မဲ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။

Manhattan တရားသူကြီး Juan M. Merchan သောကြာနေ့မှာ ချမှတ်လိုက်တဲ့ ဒီ ပြစ်ဒဏ်စီရင်ချက် ကြောင့် ထရမ့်ဟာ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် မဆောင်ရပဲ လွတ်လွတ်ကင်းကင်း သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ အခု သူကျူးလွန်တယ်လို့ စွဲချက်တင်ထားတဲ့ အမှု ၃၄ မှု အတွက် စံသတ်မှတ်ထားတဲ့ စီရင်ချက်ချမှု မျိုးကနေ လွတ်ကင်းသွားတော့မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ကို ထောက်ခံပြီး ဒုတိယအကြိမ် ပြန်အရွေးခံရအောင် မဲပေးခဲ့သူတွေနဲ့ ပတ်သက်ပြီးလည်း သူ့အတွက် တစုံတရာ ထိခိုက်တာ မရှိပါဘူး။ ထရမ့်ကတော့ သူ့ဘက်က ဘာအမှားမှ ကျူးလွန်ထားတာ မရှိကြောင်းနဲ့ အယူခံဝင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

တရားသူကြီး Merchan ဟာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောင်ဒဏ် ၄ နှစ် အထိ ချဖို့ လုပ်နိုင်ပေမယ့် အခုတော့ ပြစ်ဒဏ်မဲ့ စီရင်ချက် ချခဲ့တာပါ။ ဒါဟာ ဒီအမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကြုံလာနိုင်တဲ့ ပြဿနာကို ရှောင်လွှဲနိုင်ဖို့အပြင် ထရမ့်ကို ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ပထမဆုံး သမ္မတ ဖြစ်လာစေဖို့ ချမှတ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ တယောက် အတွက် တရားဝင် တရားရေး အကာကွယ်ပေးမှုတွေ ခံစားရမှာ ဖြစ်ကြောင်း နဲ့ အခုလို အထူး အကာအကွယ်တွေ ရနေသူ ဖြစ်ပါစေ တရားသူကြီးတဦးက ချမှတ်ထားချက်ကိုတော့ ပယ်ဖျက်နိုင်တဲ့ အာဏာ မရှိဘူးလို့လည်း ပြောပါတယ်။

ပြစ်မှုထင်ရှားတဲ့ Donald Trump အပေါ် တရားရုံးက ပြစ်ဒဏ်မဲ့ စီရင်ချက် ချမှတ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG