ဒီမူကြမ်းကို အင်္ဂါနေ့က အောက်လွှတ်တော်မှာ ပါတီကြီး ၂ ရပ်စလုံးက သဘောတူခဲပေမယ့် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ရဲ့ တောင်းဆိုချက်ကို ထည့်သွင်းပြီး ရီပတ်ဘလစ်ကင် ပါတီက ကြာသပတေးနေ့မှာ ပြင်ဆင် တင်သွင်းခဲ့တာကြောင့် အခြေအတင် ဖြစ်ခဲ့ရာကနေ သောကြာညနေမှာတော့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၆၆ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။ စနေ မနက်အစောပိုင်းမှာတော့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၈၅ မဲ- ကန့်ကွက်မဲ ၁၁ မဲနဲ့ အတည်ပြု ပေးခဲ့တာဖြစ်ပါတယ်။
ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်က အတည်ပြုခဲ့တဲ့နောက် အခုသမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်တဲ့ ဒီမူကြမ်းမှာ အစိုးရအသုံးစရိတ်ကို မတ်လ ၁၄ ရက်နေ့ အထိ ခွင့်ပြုထားတာပါ။ ဒီအသုံးစရိတ်မူကြမ်း အရ မတ်လ အထိ အစိုးရအသုံးစားရိတ်မှာ သဘာဝဘေးဆိုင်ရာ အထောက်အကူ အဖြစ် ဒေါ်လာ ဘီလီယံ ၁၀၀ နဲ့ တောင်သူလယ်သမား တွေ အတွက် ဒေါ်လာ ၁၀ ဘီလီယံ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
Forum